Connect with us

Politics, Law & Military

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် များရှိ IDP စခန်းများ အတွက် ကန်ဒေါ်လာ ၂ သိန်း ပြင်သစ် ထောက်ပံ့

ကချင်ပြည်နယ်ရှိ IDP စခန်းများတွင် ခိုလှုံနေကြသူများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် များရှိ ပြည်တွင်း နေရပ် ပြောင်းရွှေ့ နေထိုင် ရသူများ (IDP) စခန်းများ အတွက် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး(UNHCR)၏ စီမံချက်သို့ ပြင်သစ် အစိုးရက အမေရိကန် ဒေါ်လာ ၂ သိန်းအား ထောက်ပံ့ ကူညီသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ် သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုထောက်ပံ့မှုများအား မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး(UNHCR)မှ တဆင့် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုအစီအစဉ်တွင် IDP စခန်းများတွင် ခိုလှုံနေကြသူများ အတွက် လိုအပ်သော အကာအကွယ် ပေးခြင်း ၊ နေထိုင်ရန် အဆောက်အအုံ စီစဉ်ပေးခြင်း ၊ စခန်းတွင်း စီမံခန့်ခွဲခြင်း ၊ ညှိနှိုင်း ဆောင်ရွက်ပေးခြင်း နှင့် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.