Connect with us

Politics, Law & Military

ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှု ၁၀ရက်အတွင်း ၁၄ဦးသေဆုံး၊ ၅၀ဦး ဒဏ်ရာရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့ထိ သေဆုံး၊ ထိခိုက်သူစာရင်း(ဓာတ်ပုံ- နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၀ရက်နေ့မှ ၃၀ရက်နေ့ထိ သေဆုံးသူ ၁၄ဦးနှင့် ဒဏ်ရာရရှိသူ ၅၅ ဦးထိ တိုးမြင့်လာကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်မှုကြောင့် တပ်မတော်သား တစ်ဦး၊ရဲဝန်ထမ်း သုံးဦး၊ပြည်သူ ၁၀ဦး စုစုပေါင်း ၁၄ဦးသေဆုံးပြီး ပြည်သူ ၃၇ဦး၊ ရဲဝန်ထမ်း ၁၁ဦး၊ ဝန်ထမ်း ၂ဦး စုစုပေါင်း ၅၀ဦး ဒဏ်ရာရရှိခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား KIA ၊ TNLA ၊ နှင့် MNDAA ပူးပေါင်းလက်နက်ကိုင်များသည် နိုဝင်ဘာ ၂၀ရက်နေ့မှ စတင်ပြီး ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့မှ လက်နက် ကိုးလက်ဆုံးရှုံးခဲ့ရပြီး နှစ်လက်ပြန်လည်ရရှိထားသဖြင့် လက်နက် ခုနှစ်လက်ဆုံးရှုံးလျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း KIA လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသည့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရဲကင်းစခန်းမှ ရဲနှစ်ဦး စခန်းသို့ပြန်လည် ရောက်ရှိလာသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.