Connect with us

Politics, Law & Military

 မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၌ ဘိန်းဖြူ ၂၂ ကီလို ဖမ်းဆီးရမိ

တတိယအကြိမ်မြောက် ကမ္ဘာ့ မူလတန်းကျောင်းသား၊ ကျောင်းသူများ “တရုတ်စာပေ ပေါင်းကူးတံတား” တရုတ်စာစွမ်းရည်ပြ ပြိုင်ပွဲ(Chinese Bridge-Chinese Show) ကို ဇွန် ၁၈ ရက်က ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၌ ဘိန်းဖြူ ၂၂ ကီလို ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar ) ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်ကို ဇွန် ၁၅ ရက်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ သတင်းအရရှာဖွေရာ နေအိမ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၅၀၀ တန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၂၂၀၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၂၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)