Connect with us

Politics, Law & Military

တပ်မတော်၏ကြေညာချက်ကိုကြိုဆိုပါကြောင်း NRPC ကထုတ်ပြန်ကြေညာ

NRPC ၏သတင်းထုတ်ပြန်ချက်ကိုတွေ့ရစဉ် (ဓာတ်ပုံ- Centre for Development and Ethnic Studies)

နေပြည်တော်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုဆောင်ရွက်ရာတွင်စစ်ရေးဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားအပြန်အလှန်စိုးရိမ်မှုများ ပြေပျောက်စေရန်အတွက် အပြန်အလှန်ဆွေးနွေးညှိနှိုင်းရန်တပ်မတော်ကယနေ့ထုတ်ပြန်ခဲ့သောကြေညာချက်ကိုကြိုဆိုပါကြောင်း အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) သတင်းထုတ်ပြန်ချက်တစ်ရပ် ယနေ့ထုတ်ပြန်ကြေညာခဲ့သည် ။

အဆိုပါထုတ်ပြန်ချက်တွင်နိုင်ငံတော် အစိုးရသည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ရရှိရန် အလေးထား ဆောင်ရွက်နေကြောင်း၊ အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော လက်နက်ကိုင် ၁၀ ဖွဲ့နှင့်အပစ်ရပ်မှု ပိုမိုခိုင်မာစေရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရန်၊ နိုင်ငံရေး ဆွေးနွေး ပွဲများသို့ NCA လက်မှတ်မထိုးရသေးသောလက်နက်ကိုင်အဖွဲ့ ့ ရှစ်ဖွဲ့စလုံး အမြန်ဆုံး ရောက်ရှိလာရန် ကြိုးပမ်းလျက်ရှိကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်ကို ကြိုဆိုကြောင်း စသည်ဖြင့် ဖော်ပြထားကြောင်းသိရသည်။ (Xinhua)