Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့ နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းဧက ၅၀ အားဖျက်ဆီး

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့ ၊ ပင်လောင်းမြို့ နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းဖျက်ဆီးစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့ နှင့် ဆီဆိုင်မြို့နယ်တို့၌ ဘိန်းခင်းဧက ၅၀ အားဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ ၁၁း၅၅နာရီ အချိန်မှ ၁၆း၄၀နာရီ အချိန်ထိ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာ ၏ အရှေ့ဘက် ၄ ဖာလုံခန့်အကွာ ခန့်မှန်း (အယ်လ်စီ-၂၃၅၈၇၆)၌ အမြင့်(၃)ပေခွဲခန့်ရှိ ဘိန်းခင်း ၂၇ ဧကအား ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မင်းဟန် ဦးစီးပူးပေါင်းအဖွဲ့မှဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ပင်လောင်းမြို့နယ်၊ ကန့်ချုပ်ဒိုင်ကျေးရွာ၌ ဘိန်းခင်း ၁၁ ဧကအားလည်းကောင်း၊ ဆီဆိုင်မြို့နယ် ထီအုံးစောက်ကျေးရွာ၌ ဘိန်းခင်း ၁၂ ဧကအားလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.