Connect with us

Science & Technology

ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားဆိုင်ရာညွှန်ကြားချက် သဘောထားမှတ်ချက်ပေးပို့နိုင်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားဆိုင်ရာညွှန်ကြားချက် (Telecommunication Tariff Directive) အား ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် အဆိုပါမူကြမ်းအပေါ်အကြံပြုချက်များ၊ သဘောထားမှတ်ချက်များ ပေးရန်ရှိပါက (၃၀-၆-၂၀၁၈) နောက်ဆုံးထား၍ ပေးပို့အကြံပြုနိုင်ပါကြောင်း အသိပေးဖိတ်ခေါ်အပ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတပြန်သည်။

ဆက်သွယ်ရေးဥပဒေ၏ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည့် ဖွံ့ဖြိုးတိုးတက်လာသောဆက်သွယ်ရေး ကဏ္ဍများတွင် ပြည်တွင်းပြည်ပမှအခွင့်အလမ်းတူမျှသော ပွင့်လင်းမြင်သာသည့်ယှဉ်ပြိုင်မှုများ ဆောင်ရွက် စေခြင်းဖြင့် အရည်အသွေးမြင့်မားပြီး သုံးစွဲသူတို့အား ထိုက်တန်စွာဝန်ဆောင်မှုပေးနိုင်မည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများပေါ်ထွက်လာစေရန်ဟူသည့် ရည်ရွယ်ချက်နှင့်အညီ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ် ဖြစ်သည့် အသုံးပြုသူကိုအကာအကွယ်ပေးခြင်းဆိုင်ရာပြဋ္ဌာန်းချက်နှင့်အညီ အော်ပရေတာများ၏ ဝန်ဆောင်ခ နှုန်းထားများကို စိစစ်၍ခွင့်ပြုပေးလျက်ရှိကြောင်း၊ထိုသို့ခွင့်ပြုရာတွင် လွတ်လပ်စွာယှဉ်ပြိုင်မှုကို အဟန့်အတားဖြစ်စေခြင်းမရှိစေရန် အော်ပရေတာ များမှ တင်ပြရမည့်အချက်များ၊ သုံးစွဲသူအကာအကွယ်ပေးရေးနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိသည့်နှုန်းထား များဖြစ်စေရန်နှင့် ဝန်ဆောင်ခနှုန်းထားများကြော်ငြာရာတွင် ပါဝင်ရမည့်အချက်များ အား ဖော်ပြ ထားသည့် ဆက်သွယ်ရေးဝန်ဆောင်ခနှုန်းထားဆိုင်ရာညွှန်ကြားချက်” (Telecommunication Tariff Directive) နှင့်ပတ်သက်၍ အများပြည်သူသဘောထားများကို ညွှန်ကြားရေးမှူးချုပ်၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

ရုံးအမှတ်(၂)၊ နေပြည်တော် နှင့် [email protected], [email protected] သို့ အကြံပြုချက်ပေးပို့နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.