Connect with us

Science & Technology

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၏ ထက်ဝက်ခန့်သာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်သည့် အနေအထား ရှိဟုဆို

မြန်မာနိုင်ငံအတွင်းရှိ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် မေ ၆ရက် (ဆင်ဟွာ)

လျှပ်စစ်မီး အမှန်တကယ် သုံးစွဲနိုင်သည့် ပမာဏထက် ကျော်လွန်စွာ သုံးစွဲနေရမှုကြောင့် System Break Down ဖြစ်ကာ လျှပ်စစ်မီး ပြတ်တောက် မှုများ ဖြစ်ပေါ်ပြီး ရန်ကုန်မြို့တွင် လျှပ်စစ် ဓာတ်အားပေး စက်ရုံများ၏ ထက်ဝက်ခန့်သာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်သည့် အနေအထား ဖြစ်နေကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ မြို့တော်ခန်းမ၌် မေလ ၅ ရက်က ကျင်းပခဲ့သည့် ရန်ကုန်မြို့ ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲတွင် ရန်ကုန် မြို့တော်၌ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှု ဖြစ်ပေါ် နေခြင်းအပေါ် ထည့်သွင်း ရှင်းလင်း ပြောကြားသွားခဲ့သည်။

လျှပ်စစ်ဓာတ်အား အသုံးပြုမှုတွင် တစ်အိမ်ထောင်ချင်း လျှပ်စစ်ဓာတ်အား အသုံးပြုမှု ပိုမိုလာပြီး သုံးစွဲနိုင်သည့် ပမာဏထက် ကျော်လွန်သုံးစွဲ နေရမှုများ ရှိလာကာ နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် ရှိလာကြောင်း သိရသည်။

“လျှပ်စစ်မီးဟာ မြန်မာနိုင်ငံမှာရှိတဲ့ မီးသုံးစွဲနိုင်မှုထက် ကျော်လွန်စွာ သုံးစွဲနေ ရပါတယ်။ ထုတ်လုပ်မှုတွေကို ပြန်လည် သုံးသပ်တဲ့အခါမှာ ရန်ကုန် တိုင်းဒေသကြီး အတွင်းမှာ လျှပ်စစ် ဖြန့်ပေးနိုင်ဖို့အတွက် ရေအား လျှပ်စစ်က ရတဲ့ မဂ္ဂါဝပ်တွေရှိ ပါတယ်။ ကျွန်တော်တို့ ရန်ကုန် တိုင်းဒေသကြီး ကနေပဲ ဖြန့်ချိနိုင်မှု အတွက်ဆိုပြီး ဂက်စ်နဲ့ လည်ပတ်နေတဲ့ ဂက်စ်တာဘိုင်တွေ၊ ဂက်စ်အင်ဂျင်တွေ ၆၁ လုံး ရှိပါတယ်။ လှော်ကားမှာ ရှိတယ်၊ အင်းစိန်မှာရှိတယ်။ အလုံမှာရှိတယ်။ သာကေတမှာ ရှိတယ်။ ဒီစက်တွေရဲ့ စွမ်းဆောင်ရည်ဟာ မဂ္ဂါဝပ် ၉၉၀ လောက် စွမ်းဆောင်ရည် ရှိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မဂ္ဂါဝပ် ၄၀၀ ကျော်လောက်ပဲ လည်နိုင်ပါတယ်။ လျှပ်စစ်ထုတ်ဖို့ အတွက်ဂက်စ်တွေကို သုံးနေရတယ်။ ဒါပေမယ့် လုံလောက်တဲ့ လျှပ်စစ် ထွက်မလာခဲ့ဘူး” ဟု ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆိုသည်။

ရန်ကုန်မြို့သည် လူဦးရေ ထူထပ်ခြင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ဖြစ်ခြင်းကြောင့် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ ထက်ဝက်ခန့်ကို သုံးစွဲနေလျက်ရှိပြီး မဂ္ဂါဝပ် ၁,၂၅၀ ခန့် အသုံးပြု လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.