Connect with us

Social

ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံ ကို သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ကျင်းပမည်

သီတဂူ ဗုဒ္ဓတက္ကသိုလ်အား တွေ့ရစဉ် (ဓာတ်ပုံ-သီတဂူ ဗုဒ္ဓတက္ကသိုလ် )

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံ (The World Buddhist Peace Conference) ကို ဇန်နဝါရီ ၂၂ ရက်မှ ၂၅ ရက်အထိ စစ်ကိုင်းတောင်ရိုး သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ ကျင်းပမည် ဖြစ်ကြောင်း သီတဂူဗုဒ္ဓတက္ကသိုလ်မှ သိရသည်။

အဆိုပါညီလာခံသို့ ဘာသာရေး ပညာရှင်များနှင့် လေ့လာသူ ၇ဝဝ ကျော် တက်ရောက်မည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံများမှ စိတ်ပါဝင်စားသည့် ဘာသာရေး ကျွမ်းကျင်သူများ နှင့် လေ့လာသူ ၂ဝဝ ကျော်တို့ ရောက် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်ကြမည့် ကိုယ်စားလှယ် များအနက် ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ချီလီ၊ မွန်တီနီဂရိုး၊ ဆားဗီးယားနှင့် ဆလိုဗေးနီးယား နိုင်ငံတို့မှ ကိုယ်စားလှယ် ခြောက်ဦး၊ နံနက် ၁၁ နာရီတွင် သီရိလင်္ကာနိုင်ငံမှ ကိုယ်စားလှယ် နှစ်ဦး၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ဥရုဂွေးနိုင်ငံ မှ ကိုယ်စားလှယ် တစ်ဦးနှင့် ဗီယက်နမ်နိုင်ငံမှ ကိုယ်စားလှယ် တစ်ဦး၊ မွန်းလွဲ ၂ နာရီတွင် အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ် တစ်ဦး၊ မွန်းလွဲ ၂ နာရီခွဲတွင် အီဂျစ်နိုင်ငံမှ ကိုယ်စားလှယ် တစ်ဦးတို့သည် သက်ဆိုင်ရာ လေကြောင်း ခရီး အသီးသီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာ ကြကြောင်း သိရသည်။

အလားတူ ဇန်နဝါရီ ၁၉ ရက်က အိန္ဒိယနိုင်ငံမှ သံဃာတော် ၅၃ ပါး ရောက်ရှိခဲ့ပြီး ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက် ကြမည့် ကမ္ဘာ့နိုင်ငံများမှ ကိုယ်စားလှယ်များ ဆက်လက် လာရောက်ရန် ကျန်ရှိကြောင်းနှင့် ယင်း ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံတွင် ဘာသာရေး ဆိုင်ရာ နှီးနှောဖလှယ်ပွဲ များနှင့် စာတမ်းဖတ်ပွဲများ ထည့်သွင်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.