Connect with us

Social

နယ်စပ်ဒေသ ဖွံ့ဖြိုးရေး နှင့် တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြု လုပ်ငန်း စုစုပေါင်း ၁၂၅၅ ခု ဆောင်ရွက်ပေးခဲ့

နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စဉ်များဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တွေ့ရစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် နယ်စပ် ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြု လုပ်ငန်း စုစုပေါင်း (၁၂၅၅)ခု တို့အား ဆောင်ရွက်ပေးခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများဖြစ်သည့် (“ဝ”၊ ပအိုဝ့်၊ ပလောင်၊ ဓနု၊ ကိုးကန့်၊ နာဂ) တို့၌ နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ခွင့်ပြုလုပ်ငန်းပေါင်း (၈၅၆)ခု နှင့် နယ်စပ် ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ခွင့်ပြု လုပ်ငန်း ပေါင်း (၃၉၉)ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသရှိတိုင်းရင်းသား လူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နယ်စပ်ရေးရာ ဝန်ကြီး ဌာန အနေဖြင့် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.