Connect with us

Social

မြန်မာ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်းများ နှင့် အတူ အကောင် အထည် ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းပေါင်း ၃၅ ခုရှိ

မြန်မာ့ ကျေးလက် ဒေသရှိ လူနေအိမ်တစ်အိမ်အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို မွေးမြူရေး၊ရေလုပ်ငန်း နှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန နှင့်အတူ အကောင်အထည် ဖော်နေသည့် ဖွံ့ဖြိုးရေး မိတ်ဖက်အဖွဲ့အစည်း ၃ဝ မှ ကူညီ ဆောင်ရွက် ပေးနေသည့် လုပ်ငန်း နှင့် စီမံကိန်းပေါင်း ၃၅ ခုရှိကြောင်း ယင်းဝန်ကြီးဌာနမှ သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည် ဖော်နေသည့် ဖွံ့ဖြိုးရေး မိတ်ဖက် အဖွဲ့အစည်း များမှာ ကုလသမဂ္ဂအဖွဲ့အစည်း ၅ ခုမှ လုပ်ငန်း ၅ ခု ၊ နိုင်ငံတကာ အဖွဲ့အစည်း ၆ ခုမှ လုပ်ငန်း ၁ဝ ခုနှင့် အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်း (INGO) ၂ဝ မှ လုပ်ငန်းအခု ၂ဝ တို့ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျေးလက်ဒေသများ အချိန်တိုအတွင်း ဖွံ့ဖြိုးလာစေရေး အတွက် ဆောင်ရွက် ရာတွင် နိုင်ငံတော် ဘတ်ဂျက် တစ်ခုတည်းနှင့် ပြည့်စုံနိုင်မှု မရှိသည့် အတွက် ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း များ၏ ကူညီပံ့ပိုးမှုများကို ရယူ၍ စီမံကိန်း ၊ လုပ်ငန်းများနှင့် အတူ လက်တွဲ အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.