Connect with us

Social

ကလေးလုပ်သား လျော့နည်း ပပျောက်ရန် ဆက်စပ်ဝန်ကြီးဌာနများနှင့် NGOs များ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ဟုဆို

ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်း ဖော်ထုတ်ရေး ညှိနှိုင်း ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေ မိန့် ခွန်း ပြောနေစဉ်။

နေပြည်တော်၊ မတ်လ ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ကြီးမားသော စိန်ခေါ်မှုလည်း ဖြစ်၊ မျက်မှောက်ခေတ်၏ Global Issue လည်းဖြစ်သည့် ကလေးလုပ်သား လျော့နည်း ပပျောက်ရေး အတွက် ဝန်ကြီးဌာန တစ်ခုတည်း ဆောင်ရွက်၍ မရနိုင် ဘဲ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု ယနေ့နံနက် နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ပြုလုပ်သည့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်း ဖော်ထုတ်ရေး ညှိနှိုင်း ဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ သည်။

“ကလေးအလုပ်သမား ကိစ္စဟာ အလွန်သိမ်မွေ့နက်နဲပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အဖို့ နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး အခြေအနေအရ အနာဂတ်အတွက် အရည်အသွေး မြင့်မားတဲ့ လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ဖို့ စိန်ခေါ်မှု များစွာ ရှိပါတယ်၊ ဆင်းရဲနွမ်းပါးမှု သဘာ၀ ဘေးအန္တရာယ် ဖြစ်ရပ်နဲ့ တိုက်ရိုက် ဆက်စပ် ပတ်သက်နေတာကြောင့် ကလေးအလုပ်သမား လျော့နည်း ပပျောက်ရေး အတွက် ကျွန်တော်တို့ ဝန်ကြီးဌာန တစ်ခုတည်းသာ လုပ်ဆောင်၍မရဘဲ သက်ဆိုင်ရာ ဝန်ကြီးဌာန များ ဖြစ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်း ဝန်ကြီးဌာန၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ၊ ILO, UNICEF ကဲ့သို သော INGO အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ အားလုံး တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်း ဖော်ထုတ်ရေး ညှိနှိုင်း ဆွေးနွေးပွဲတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ကလေးအလုပ်သမား အဆိုးရွားဆုံး ပုံစံဖြင့် ခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက် အမှတ် ၁၈၂ (ILO Convention 182) ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၅ စက်တင်ဘာ ၁ ရက်နေ့တွင် အကောင်အထည်ဖော်မှု အစီရင်ခံစာကို ILO ထံ တင်သွင်းခဲ့ရာ ILO က မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပပျောက်ရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာန၏ အထောက် အပံ့ဖြင့် ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်နေ့မှ ၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ လေးနှစ်တာ စီမံကိန်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုကဲ့သို့ အမျိုးသားအဆင့် လုပ်ငန်း စီမံချက် ရေးဆွဲနိုင်မည့် အဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.