Connect with us

Social

ဒလ၌နွေရာသီတွင် ကော်မတီဖွဲ့၍ ရေပေးဝေရန်စီစဉ်

ကန်ရေခပ်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

နှစ်စဉ် နွေရာသီတွင် ရေရှားပါးမှု နှင့် ကြုံတွေ့ရသည့် ဒလမြို့နယ် ၌ ယခုနှစ်နွေတွင် ထိုပြသနာအား ကူညီရန်အတွက် ဒလမြို့နယ် ရေရှားပါးမှုကူညီထောက်ပံ့ရေးကော်မတီတစ်ခုဖွဲ့၍ ဆောင်ရွက်ရန်စီစဉ်လျက် ရှိကြောင်း ဒလလွှတ်တော်ကိုယ်စားလှယ်များ ရုံးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆက်ဆံရေး တာဝန်ခံဦးတင်လှက ဆင်ဟွာကိုပြောသည်။

ဦးတင်လှက “ဒီနှစ်ကိုတော့ ကျွန်တော်တို့က ကော်မတီတစ်ရပ်ဖွဲ့ဖို့ပြင်ဆင်နေတယ်။ အဲ့ဒီ့ကော်မတီမှာ ဌာနဆိုင်ရာ၊ မြို့မိမြို့ဖ နဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းပြီးဆောင်ရွက်ကြမှာပါ။ ရေပိုက်နဲ့ ရေမရောက်တဲ့ နေရာတွေကို ကားတွေနဲ့ ရေလိုက်ဝေဖို့ စီစဉ်ထားပါတယ်’’ ဟုပြောသည်။

ဒလမြို့နယ်တွင် ၂၀၀၀ ခုနှစ်လောက်မှ စ၍ ရေရှားပါးမှု နှစ်စဉ် ဖြစ်ပေါ်လျက်ရှိကြောင်း၊ ဧပြီလ မှ ဇွန်လ အထိ ရေရှားပါးလေ့ရှိကြောင်း သိရသည်။

“သြင်္ကန်ပြီးချိန်လောက်ဆိုရင် ရေက လုံးဝကို ခမ်းသွားပြီ။ ကျွန်တော်တို့ဒလမှာက ကန်ရေကို အဓိက အားကိုးရတာပါ။ ကန်ရေတွေ အကုန်ခမ်းတယ်။ ရေရှားတဲ့ အချိန်ဆိုရင်တော့ တစ်မြို့နယ်လုံး ရေရှားပါးမှု ကိုခံစားရတာပါ။ ဒီနှစ်ကတော့ ကော်မတီဖွဲ့ပြီး သောက်ရေ ၊ သုံးရေ နှစ်မျိုးလုံးလှူဖို့ စီစဉ်ထားပါတယ်’’ ဟု၎င်းကဆက်ပြောသည်။

ဒလမြို့နယ်တွင် ကျေးရွာအုပ်စု ၂၃ အုပ်စု၊ ရွာပေါင်း ၅၄ ရွာ၊ ရပ်ကွက်ပေါင်း ၂၄ ရပ်ကွက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.