Connect with us

Social

ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှုပေးလျက်ရှိသော ယာဉ်များအား လုပ်ငန်းလိုင်စင် ရယူထားခြင်း ရှိ၊ မရှိ စိစစ်မည်

ဘားအံတွင် ကမ္ဘာလှည့် ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုပေးနေသည့် ယာဉ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

ပြည်တွင်း၌ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ဝန်ဆောင်မှု ပေးလျက်ရှိသော ယာဉ်များအား လုပ်ငန်းလိုင်စင် ရယူထားခြင်းရှိ၊ မရှိကို အောက်တိုဘာလ ၁ ရက်မှ စ၍ စောင့်ကြပ် စိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံ၌ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရေး အတွက် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့် အညီ လုပ်ငန်း ဆောင်ရွက်လိုသော လုပ်ငန်းရှင်များအား လုပ်ငန်း လိုင်စင်များ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များကို ပို့ဆောင်ပေး နေသော ခရီးသည်တင် ယာဉ်များ အနေဖြင့် သတ်မှတ်ထားသော နည်းလမ်းများနှင့် အညီ လျှောက်ထားလာပါက လုပ်ငန်းလိုင်စင်များ ခွင့်ပြုပေးလျက် ရှိပြီး ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များအား ခရီးစဉ် ဝန်ဆောင်မှု ပေးလျက်ရှိသော လုပ်ငန်းရှင် များသည် ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် လျှောက်ထားရန် လိုအပ်သည်။

အချို့ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များသည် ၎င်းတို့၏ မော်တော်ယာဉ်များဖြင့် နိုင်ငံအတွင်း ဖြတ်ကျော် ဝင်ရောက် လည်ပတ်သည့် ခရီးစဉ်များကို သက်ဆိုင်ရာ ခရီးသွား ကုမ္ပဏီများက တစ်ဆင့် တင်ပြ လာပါက ၎င်းတို့၏ ယာဉ်များဖြင့် မြန်မာ နိုင်ငံအတွင်း လည်ပတ်ပြီးပါက ပြန်လည် ထွက်ခွာနိုင်ရေး အတွက် လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.