Connect with us

Social

အသက် ၁၈ နှစ် မပြည့်သူများအား အရက်ရောင်းခြင်းကို အလေးအနက်ထား စိစစ် အရေးယူမည်

ဘီယာခွက်များကိုတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

အသက် ၁၈ နှစ် မပြည့်သူများအား အရက်ရောင်းချခြင်း နှင့် တရားမဝင် အရက်ဆိုင်များကို အလေးအနက်ထား စိစစ် ကြပ်မတ် အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ယနေ့ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“ယစ်မျိုးဥပဒေမှာလည်း ဒီအချက်တွေကို ပြဌာန်းထားပြီး ဖြစ်ပါတယ်၊ အသက် ၁၈ နှစ် မပြည့်သူများအား အရက်ရောင်းခြင်းနဲ့တရားမဝင် အရက်ဆိုင်များ ဖွင့်လှစ်ရောင်းချမှု မရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရတွေက ခရိုင်အဆင့် မြို့နယ် အဆင့်တွေအထိ အဆင့်ဆင့် ဖွဲ့စည်းထားတဲ့ စိစစ် ကြပ်မတ်ရေး အဖွဲ့(Task Force) တွေက အလေးအနက်ထား စိစစ် ကြပ်မတ်နိုင်ရေး အလေးထား ဆောင်ရွက် သွားပါမယ်” ဟု ၎င်းက ပြောခဲ့သည်။ပွင့်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း၏ “စံချိန် စံညွှန်း မပြည့်မီသော အရက်များ ထုတ်လုပ် ရောင်းချခြင်းနှင့် တရားမဝင် အရက်ဆိုင်၊ ထန်းရည်ဆိုင်များကို ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ” ဟူသည့် မေးခွန်းကို ဖြေကြားရာတွင် ပြောခြဲ့ခင်း ဖြစ်သည်။

ယစ်မျိုးဆိုင်ရာ စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်များ အပြည့်အ၀ ရရှိစေရန်၊ လိုင်စင်မဲ့ ဆောင်ရွက်မှုများအား ဥပဒေနှင့်အညီ အရေးယူစနစ်တကျ အရေးယူနိုင်ရန် အတွက် ယစ်မျိုးလိုင်စင်များ တိုးမြှင့်ကောက်ခံရေးနှင့် စိစစ် ကြပ်မတ်ရေးအဖွဲ့ (Task Force) ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ စိစစ် ကြပ်မတ်ရေး အဖွဲ့(Task Force) များက အရေးယူ ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် ၁၇၆၈၇ မှု၊ ၂၀၁၅ ခုနှစ်တွင် ၁၉၃၈၉ မှုနှင့် ၂၀၁၆ နှစ်ဆန်းမှ သြဂုတ်လကုန်အထိ ၆၁၆၁ မှုတို့ ဖမ်းဆီး အရေးယူနိုင်ခဲ့သည်ဟုလည်း ၎င်းက ဖြည့်စွက် ပြောခဲ့သည်။အရက်၊ ဘီယာနှင့် ဝိုင်များ ထုတ်လုပ်ရောင်းချရာတွင် စံချိန် စံညွှန်း မီပြီး အန္တရာယ် မရှိစေရေးအတွက်လည်း စက်မှု ဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီး ဌာန အနေဖြင့် အဆင့်ဆင့် စစ်ဆေး ထောက်ခံချက်များ ရရှိမှသာ အရက်ချက် စက်ရုံများအား နှစ်စဉ် သက်တမ်း တိုးခွင့်ပြုကြောင်း၊ သက်ဆိုင်ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများကလည်း ဓာတုဗေဒဝန်ရုံး၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနတို့တွင် စစ်ဆေးမှု ခံယူစေပြီး ထောက်ခံချက် ရရှိမှသာ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်များ ခွင့်ပြုပေးလျက်ရှိကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.