Connect with us

Social

ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၌ သောက်သုံးရေသန့်ရရှိရန် စမ်းသပ် ဆောင်ရွက်ဟုဆို

ဒလမြို့တွင်း သောက်သုံးရေအဖြစ် အသုံးပြုနေသော ရေကန်အား တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၏ သောက်သုံးရေသန့်ရရှိစေရန် ပထမဦးဆုံး ပရောဂျက်အနေဖြင့် စမ်းသပ် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

မိုးရာသီအတွင်း ကန်များ၌ ရေကိုသိုလှောင်ရပြီး နွေရာသီတွင် ကန်ရေကိုသာ သောက်သုံးရေ အဖြစ်အသုံးပြုနေရခြင်း၊ တွန်းလှည်းများ၊ အထမ်းများဖြင့် ကိုယ်တိုင်ထမ်းပြီး သယ်ပိုးနေရသော အခြေအနေများဖြင့် လက်ရှိတွင် ရင်ဆိုင်နေရခြင်းကြောင့် အဆိုပါ အခြေအနေများအား ဖြေရှင်းပေးနိုင်ရေး အတွက် ရေသန့်စက်များဖြင့် သန့်စင်ပြီး သောက်သုံးရေများ ဖြန့်ဝေပေးနိုင်ရန် ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များ၏ သောက်သုံးရေသန့်ရရှိစေရန် ပထမဦးဆုံး ပရောဂျက်အနေဖြင့် စမ်းသပ် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

ရေချိုရနိုင်သည့် တွံတေးတူးမြောင်း မိုင်တိုင်၂၀ အထက်ပိုင်းနှင့် ဧရာဝတီမြစ်ထိပ်ပိုင်း တိုးမြစ်ထိပ်နေရာများတွင် ရေသန့်စင်စက်ဖြင့် ရေချိုရရှိနိုင်ကြောင်း၊ မြို့တွင်းရှိ ပြည်သူလူထုကို ရေဖြန့်ဖြူးပေးနိုင်ဖို့အတွက် သုံးစွဲနေသော ပြည်သူလူထုရှိသော်လည်း၊ အစိုးရ၏ ဘက်ဂျက်မတတ်နိုင်သည့် အတွက် ပုဂ္ဂလိကဏ္ဍ၊ အစိုးရနှင့် ပြည်သူလူထု ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

ဒလမြို့နယ်ရှိ အိမ်တိုင်း အိမ်တိုင်း ရေပိုက်လိုင်းဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာန ရေပေးဝေသော ပုံစံမျိုးဖြင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လက်ရှိတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ရေသန့်ဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ AG Resources Myanmar Co,Ltd မှ ဒလမြို့နယ်အတွင်းရှိ သောက်သုံးရေအခက်အခဲဖြစ်သော နေရာများးအား ရေချို လီတာ(၂)သိန်းကို နေ့စဉ် ပေးဝေနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့၏ မြစ်တစ်ဖက်ကမ်းတွင် တည်ရှိသော ဒလမြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျနေခဲ့ကြောင်း၊ ရေကောင်းရေ သန့်ရရှိစေရေး၊ မီးလုံလောက်စွာ ရရှိစေရေးနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်လျက်ရှိ ကြောင်း၊ မကြာမီ ဒလတံတားကြီးကို ဇွန်လတွင် စတင်တည်ဆောက်တော့မည်ဖြစ်၍ ဒလမြို့နေ ပြည်သူလူထု၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေမည့် အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.