Connect with us

Social

ဒလမြို့နယ်တွင်း ရေသန့်စက်ဖြင့် နေ့စဉ် ရေချို လီတာ၂သိန်းဖြန့်ဝေပေးမည်

ဒလမြို့နယ်တွင်း ရေသန့်စက် ဖွင့်ပွဲအခမ်းအနားအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်း နှစ်စဉ်နွေရာသီကာလများတွင် သောက်သုံးရေအခက်အခဲရှိသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော် မတီ ရေသန့်ဌာနနှင့် ပူးပေါင်း၍ AG Resources Myanmar Co,Ltd မှ တည်ဆောက်သည့် ရေသန့်စက်ဖြင့် နေ့စဉ် ရေချို လီတာ ၂သိန်းဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ မြို့နယ်အတွင်းရှိ ရေအခက်အခဲဖြစ်ပေါ်သော နေရာများကို ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော် မတီ ရေသန့်ဌာနနှင့် ပူးပေါင်း၍ AG Resources Myanmar Co,Ltd မှ ပူးပေါင်းတည်ဆောက် ထားသော ရေသန့်စက်ဖြင့် ရေချို လီတာ(၂)သိန်းကို နေ့စဉ် ပေးဝေနိုင်မည်ဖြစ်ကြောင်း၊ လာမည့် ၆ လအတွင်း ဒလမြို့နေပြည်သူလူထုအတွက် ရေလီတာ သုံးသန်းခန့် ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဆိုပါ ရေသန့်စက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ဒလမြို့နယ်၊ ဆာပါချောင်ကျောင်းစုရပ်ကွက်၊ အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်းရှေ့၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် နှင့် AG Resources Myanmar Co,Ltd မန်နေဂျင်းဒါရိုက်တာ ဦးဇော်မင်းဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ဒလမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ၏ သောက်သုံးရေ အတွက် အားထားနေရသော ရေကန်များမှာ မြို့ပေါ် ရပ်ကွက်(၂၄)ရပ်ကွက် ၌ မြေသားရေကန် ၁၁၃ ကန်ရှိပြီး ကျေးရွာများ၌ မြေသား ရေကန် ၁၈၉ ကန်၊ စုစုပေါင်း ၃၂၂ ကန်သာ အားထားသုံးစွဲလျက်ရှိ သည်။ ဒလမြို့နယ်သို့ နေ့စဉ်ရေဖြန့်ဖြူးလျက်ရှိသော တွံတေးမြို့နယ် ရေပေးဝေရေးစခန်းမှ တစ်နေ့လျှင် ရေဂါလန် ၁ဒသမ၂သန်း ရရှိပြီး မြို့နယ်စည်ပင် သာယာရေကော်မတီ ရေသန့်ဌာနက မြို့ပေါ်ရှိ ရပ်ကွက်များအား ရေဖြန့်ဝေပေးလျက်ရှိကာ ကျေးရွာများ၌မှု မြေသားရေကန်များကိုသာ အဓိက အားထားသောက်သုံးနေရ ကြောင်းသိရသည်။

ဒလမြို့နယ်သည် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းပါဝင်ပြီး ရေပိုက်လိုင်း များဖြင့် သောက်သုံးရေကို ဖြန့်ဝေပေးနိုင်ခြင်းမရှိခြင်းကြောင့် နှစ်ပေါင်းများစွာ နွေရာသီကာလအတွင်း သောက်သုံးရေ အခက်အခဲဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.