Connect with us

Social

ပြည်တွင်းထုတ် ဓာတ်ဆီ နှင့် ဒီဇယ်ဆီများကို နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်များမှ ပုဂ္ဂလိကသို့ လအလိုက် သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိ

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဌာန၏ အသိပေး ကြေညာချက်(ဓာတ်ပုံ-Ministry of Electricity and Energy, Myanmar)

ရန်ကုန် ၊ အောက်တိုဘာ ၁၀ ရက်(ဆင်ဟွာ)

ပြည်တွင်းထုတ်ဓာတ်ဆီ နှင့် ဒီဇယ်ဆီများကို လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ မြန်မာ့ ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်း၏ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင်(၁၂)ဆိုင်မှ ပုဂ္ဂလိကသို့ယခု အောက်တိုဘာလမှ စ၍ လအလိုက် သတ်မှတ် ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီး ဌာနမှ အသိပေး ကြေညာခဲ့သည်။

နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် ၁၂ ဆိုင်တို့မှာ နေပြည်တော် ၊ ရန်ကုန် ၊ မန္တလေး ၊ ပဲခူး ၊ ဟင်းငုတ်ပင် ၊ လွိုင်ကော် ၊ ဘားအံ ၊ ဟားခါး နှင့် လွိုင်လင်တို့ရှိ အရောင်းဆိုင်များ ဖြစ်ကြောင်း သိရသည်။ပြည်တွင်းထုတ်ဓာတ်ဆီ နှင့် ဒီဇယ်ဆီများကို လအလိုက် သတ်မှတ် ဈေးနှုန်းများ အဖြစ် ယခု အောက်တိုဘာလအတွက် ရောင်းဈေးနှုန်းမှာ နေပြည်တော်နှင့် ဘားအံ တို့တွင် ဓါတ်ဆီ ဂါလန်ဈေး ၂၆၀၀ ကျပ်နှုန်း ၊ ဒီဇယ်ဆီ ဂါလန်ဈေး ၂၆၅၀ ကျပ်နှုန်း ၊ ရန်ကုန်တွင် ဓါတ်ဆီ ဂါလန်ဈေး ၂၅၀၀ ကျပ်နှုန်း ၊ ဒီဇယ်ဆီ ဂါလန်ဈေး ၂၅၅၀ ကျပ်နှုန်း ၊ မန္တလေးတွင် ဓါတ်ဆီ ဂါလန်ဈေး ၂၆၁၀ ကျပ်နှုန်း ၊ ဒီဇယ်ဆီ ဂါလန်ဈေး ၂၆၇၀ ကျပ်နှုန်း ၊ ပဲခူးနှင့် ဟင်းငုတ်ပင် တို့တွင် ဓါတ်ဆီ ဂါလန်ဈေး ၂၅၅၀ ကျပ်နှုန်း ၊ ဒီဇယ်ဆီ ဂါလန်ဈေး ၂၆၀၀ ကျပ်နှုန်း ၊ လွိုင်ကော်နှင့် လွိုင်လင်တို့တွင် ဓါတ်ဆီ ဂါလန်ဈေး ၂၇၀၀ ကျပ်နှုန်း ၊ ဒီဇယ်ဆီ ဂါလန်ဈေး ၂၇၅၀ ကျပ်နှုန်း ၊ ဟားခါးတွင် ဓါတ်ဆီ ဂါလန်ဈေး ၂၈၂၀ ကျပ်နှုန်း ၊ ဒီဇယ်ဆီ ဂါလန်ဈေး ၂၈၇၀ ကျပ်နှုန်း တို့ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.