Connect with us

Social

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော ငါးမွေးမြူရေးကန်များအား အစိုးရက ကျပ် ၁၇ ဒသမ ၂သန်း ထောက်ပံ့မည်

ငါးမွေးမြူရေးကန်တစ်ခုအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဇူလိုင်လနှင့် သြဂုတ်လပိုင်းက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သော ငါးမွေးမြူရေးကန်များအား ပြည်ထောင်စု အစိုးရမှ ကျပ် ၁၇ ဒသမ ၂သန်း ထောက်ပံ့ပေးရန် ခွင့်ပြုလိုက် ကြောင်း ငါးလုပ်ငန်းဦးစီးဌာန ထံမှ သိရသည်။

အဆိုပါ ငွေပမာဏသည် တစ်ဧကလျှင် ငါးသားပေါက် ကောင်ရေ ၅ဝဝ နီးပါး ရရှိနိုင်မည်ဖြစ်ပြီး ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးမည် ဆိုပါက တစ်ဧကလျှင် ငါးသားပေါက် ၁ဝဝဝ ကျော်ခန့် ဖြန့်ဝေပေးနိုင်မည် ဖြစ်သည်။

ငါးကန်တစ်ဧက၌ ငါးသား ပေါက်ကောင်ရေ ၃ဝဝဝ ခန့် ချပေးနိုင်မှသာ အဆင်ပြေမည်ဖြစ်ကြောင်း ညောင်တုန်းမြို့နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့၌ ရေကြီး နစ်မြုပ်မှု များကြောင့် စုစုပေါင်း ငါးကန်ဧက သုံးသောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်နှင့် တိုက်ကြီးမြို့နယ်တို့၌ ဧကပေါင်း ၆ဝဝဝ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.