Connect with us

Social

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခြင်းခံရလျက်ရှိသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံး၊ သံအရာရှိများမှသွားရောက်တွေ့ဆုံ

မြန်မာသံရုံး၊ သံအရာရှိများမှ Pekan Nenas Camp သို့ သွားရောက်၍ ထိန်းသိမ်းခံထားရသူများအားတွေ့ဆုံစဉ် (ဓာတ်ပုံ-- မြန်မာပြည်အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်)

ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ထိန်းသိမ်းရေးစခန်းများတွင် အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခြင်းခံရလျက်ရှိသည့် မြန်မာနိုင်ငံသားများ အမိနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ထွက်ခွာနိုင်ရေးအတွက် မြန်မာနိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များအား စနစ်တကျဆောင်ရွက်လျက်ရှိရာ မြန်မာသံရုံး၊ သံအရာရှိများမှ Pekan Nenas Camp သို့ သွားရောက်၍ ထိန်းသိမ်းခံထားရသူအနက်မှ စုစုပေါင်း (၈၅) ဦးတို့အား တွေ့ဆုံစစ်ဆေးခဲ့ကြောင်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ မှသတင်းထုတ်ပြန်သည်။

Pekan Nenas Camp တွင် မြန်မာနိုင်ငံသားဟုဆိုသူ အမျိုးသား (၂၂၈) ဦးနှင့် အမျိုးသမီး (၉) ဦး၊ စုစုပေါင်း (၂၃၇) ဦးရှိကြောင်း သိရှိရပြီး ၎င်းတို့အနက် အမျိုးသား (၇၉) ဦးနှင့် အမျိုးသမီး (၆) ဦး၊ စုစုပေါင်း (၈၅) ဦးတို့ကို လူတွေ့ တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ကျန် (၁၅၂) ဦးမှာ ၎င်းတို့ ဆန္ဒအရ မပြန်လိုသူ၊ မြန်မာနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားများ၊ UNHCR ကတ်စောင့်နေသူများနှင့် အမှုမပြီးပြတ်သေး၍ သံရုံးမှ အင်တာဗျူးမေးမြန်း၍ မရသေးသူများ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
တွေ့ဆုံစိစစ်ခဲ့သည့် (၈၅) ဦးအနက် (၄၉) ဦးအား ယခင်က ပထမအကြိမ် စိစစ်ထားပြီး ဖြစ်ကြောင်း၊ ကျန် (၃၆) ဦးအားလည်း CI အမြန်ဆုံး ထုတ်ပေး၍ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။
ထိုကဲ့သို့ Camp များသို့ သွားရောက်၍ ထိန်းသိမ်းထားသော မြန်မာ နိုင်ငံသားများအား သွားရောက်တွေ့ဆုံ မေးမြန်းရာတွင် အချက်အလက် ပြည့်စုံစွာ တင်ပြနိုင်ကြသည့် မြန်မာနိုင်ငံသား မှန်ကန်သူများ၊ မြန်မာနိုင်ငံသို့ ပြန်လိုသူများအား လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ စိစစ်ပြီးနောက် C of I အမြန်ဆုံးထုတ်ပေး၍ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည် ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အချက်အလက် ပြည်စုံစွာ မတင်ပြနိုင်သဖြင့် လတ်တလော နိုင်ငံသားစိစစ်နိုင်ခြင်း မရှိသူများအတွက်လည်း လိုအပ်သည့် ဆောင်ရွက်ချက်များပြုလုပ်၍ C of I ရရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Pekan Nenas camp တွင် လူတွေ့စိစစ်ခဲ့ပြီး C of I အမြန်ဆုံးထုတ်ပေးပြီးသူများကို လေယာဉ်စင်းလုံးဖြင့် ပြန်ပို့နေသည့် အထူးအစီအစဉ်တွင် ပါဝင်ပို့ဆောင်နိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့ ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.