Connect with us

Social

တည်ဆောက်ဆဲ ခုံးကျော်တံတား တချို့ စီမံကိန်းများ ပြီးစီးသည်နှင့် BRT စနစ်ဖြင့် ဘတ်စ်ကား ပြေးဆွဲမှု စတင်မည်

ရန်ကုန်မြို့တွင်း လမ်းမကြီး တစ်ခုပေါ်၌ BRT စနစ်ကို ဘတ်စ်ကားများ အတွက် သီးသန့် ယာဉ်ကြော သတ်မှတ်၍ စမ်းသပ်မှု ပြုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ တည်ဆောက်ဆဲ ခုံးကျော်တံတား စီမံကိန်းများ ပြီးစီးသည်နှင့် BRT (Bus Rapid Transit) စနစ်ဖြင့် ဘတ်စ်ကား ပြေးဆွဲမှု လုပ်ငန်း စတင်နိုင်မည် ဖြစ်ကြောင်း ဘတ်စ်ကား အခြေပြုကာ ခရီးသည် အများအပြားကို သယ်ယူပို့ဆောင် ပေးနိုင်မည့် သီးသန့် အမြန် ယာဉ်လိုင်းစနစ် ပြေးဆွဲနိုင်ရန် အကောင်အထည် ဖော်နေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီမှ သိရသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ BRTစနစ်ဖြင့် ဘတ်စ်ကား ပြေးဆွဲနိုင်ရန် ပြည်ပမှ မှာယူထားသော ဘတ်စ်ကားများ ရန်ကုန်မြို့သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဘတ်စ်ကားပြေးဆွဲမည့် လမ်းကြောင်း၊ လက်မှတ်စနစ်၊ မောင်းနှင်မည့် ယာဉ်မောင်း စသည်ဖြင့် ပြေးဆွဲရန် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီ ဖြစ်ကာ ဘတ်စ်ကား ပြေးဆွဲမည့် လမ်းကြောင်း တစ်လျှောက် တည်ဆောက်ဆဲ ခုံးကျော်တံတားများ ပြီးစီးသည်နှင့် တစ်ပြိုင်နက် ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေကြောင်း BRT စနစ်ဖြင့် ဘတ်စ်ကား ပြေးဆွဲနိုင်ရန် ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်နေသူ ဒေါက်တာ မောင်အောင်က ပြောသည်။

ရန်ကုန်မြို့တွင် BRT စနစ်ဖြင့် ဘတ်စ်ကား ပြေးဆွဲမည့် လမ်းကြောင်းကို ပြည်လမ်းနှင့် ကမ္ဘာအေး ဘုရားလမ်း တို့ကို ရွေးချယ်ထားရာ အဆိုပါ လမ်းကြောင်း ပေါ်တွင် တည်ဆောက်နေသော ကုက္ကိုင်း ခုံးကျော်တံတားနှင့် ရှစ်မိုင် လမ်းဆုံ ခုံးကျော် တံတားတို့မှာ ပြီးစီးတော့မည် ဖြစ်ပြီး အမြန် ဘတ်စ်ကား လိုင်းစနစ် သည်လည်း စတင် ပြေးဆွဲနိုင်တော့မည်ဟု သိရသည်။

BRT စနစ်ဖြင့် ခရီးသည် သယ်ယူ ပို့ဆောင်မှုကို နိုင်ငံတကာ မြို့ပြများတွင် အသုံးပြု ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.