Connect with us

Sport

မြန်မာဘောလုံးအသင်း ကမ္ဘာ့အဆင့် သတ်မှတ်ချက် တက်လာခဲ့ပြီး ဆီးဂိမ်းတွင် နှစ်ပွဲဆက်တိုက် နိုင်ပွဲရရှိ

FIFA U-20 World Cup ပြိုင်ပွဲတွင် မြန်မာအသင်းနှင့် နယူးဇီလန်အသင်းယှဉ်ပြိုင်နေပုံ (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန် ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ပထမ ဆုံးအကြိမ် ကမ္ဘာ့ဖလားကို ပါဝင်နိုင်ခဲ့သော မြန်မာ ယူ -၂၀ အသင်းသည် FIFA U-20 World Cup ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်းက ယခင်နေရာထက် ၁၅ နေရာ တက်သွားခဲ့ပြီး အဆင့် ၁၄၃ တွင် ရပ်တည်ခဲ့သည်။

အရှေ့တောင်အာရှ အသင်းတွေထဲတွင် ဗီယက်နမ်မှ ၁၂၇ နဲ့ ပထမနေရာ၊ ထိုင်းအသင်းမှ အဆင့် ၁၂၉ နဲ့ ဒုတိယ၊ မြန်မာအသင်းမှ အဆင့် ၁၄၃ နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

လက်ရှိတွင် စကာၤပူနိုင်ငံတွင် ကျင်းပ ပြုလုပ်လျှက်ရှိသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လည်း မြန်မာအသင်းက အင်ဒိုနီးရှားနှင့် ပြိုင်ပွဲတွင် ၄ ဂိုး ၂ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး၊ စကာၤပူနှင့် ပြိုင်ပွဲတွင်တော့ မြန်မာ အသင်းမှ ၂ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိကာ နှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက “ဆီးဂိမ်းပြိုင်ပွဲမှာ အဖွင့်ပွဲကတည်းက ခြေစွမ်းပြ နေတဲ့ မြန်မာယူ-၂၃ အသင်းမှာ အိမ်ရှင်အသင်းကို ထပ်မံအနိုင်ယူ ပြီး၊ ဆီမီးဖိုင်နယ်သို့ တက်ဖို့ အခြေအနေကောင်းတဲ့ အနေအထားမှာ ရှိတယ်။ မြန်မာအသင်းမှာ အုပ်စု အတွင်း အတောင့်တင်းဆုံး နှစ်သင်း ဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ စင်ကာပူ တို့ကို အနိုင်ယူနိုင်ခဲ့တာ ဖြစ်တယ်” ဟု ပြောသည်။

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင်တော့ မြန်မာ အသင်းမှ သုံးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ FIFA U-20 World Cup တွင် မြန်မာယူ-၂၀ အသင်းသည် USA အသင်းကို ၂ဂိုး၁ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ယူကရိန်းအသင်း ကို ၆ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ နယူးဇီလန် နှင့် ကန်ရသည့် ပွဲတွင်တော့ ၅ဂိုး-၁ဂိုး ဖြင့်ရှုံးနိမ့်ခဲ့သည်။

စကာၤပူတွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အုပ်စု (ခ) ပွဲစဉ်တွင် ထိုင်းက မလေးရှားကို တစ်ဂိုး-ဂိုးမရှိ၊ ဗီယက်နမ်က လာအိုကို တစ်ဂိုး-ဂိုးမရှိတို့ဖြင့် အနိုင်ရခဲ့သည်။

မြန်မာအသင်းမှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ခြောက်မှတ်ရရှိပြီး ဇွန်လ ၇ ရက်နေ့တွင် ဖိလစ်ပိုင်နှင့် ဆက်လက် ကစားရမည် ဖြစ်သည်။ (Xinhua)