Connect with us

Sport

မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ်စီမံချက် ရေးဆွဲရန် ဆွေးနွေးညှိနှိုင်းလျက်ရှိ 

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ကျင်းပပြုလုပ်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ်စီမံချက်ရေးဆွဲဆောင်ရွက်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစား နှင့် ကာယပညာဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင် က ဆင်ဟွာသို့ ပြောကြားသည်။

“ငါးနှစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရဲ့ဒုတိယဝန်ကြီးက ဦးဆောင်ပြီးဆွေးနွေးမှုတွေ ဆောင်ရွက်နေပါတယ်။ ရှေ့လာမယ့် ငါးနှစ်မှာ ဆောင်ရွက်မယ့်အစီအမံတွေ ကို နှစ်အပိုင်းအခြားအလိုက် စီမံချက်တွေ ရေးဆွဲဖို့အတွက်ကျွန်တော်တို့ဆွေးနွေးမှု တွေ ဆောင်ရွက်နေပါတယ်’’ ဟု ၎င်းကဆိုသည်။

မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ်စီမံကိန်းအတွက် အားကစားနှင့် ကာယသိပ္ပံကျောင်းများမှ ညွှန်ကြားရေး မှူးများ နှင့် ဆွေးနွေးညှိနှိုင်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“COVID-19 ရောဂါဖြစ်ပွားတဲ့ ကာလဖြစ်လို့ အားကစားပွဲကျင်းပခွင့်တွေကတော့ Myanmar National League မှအပ  တခြားအားကစားပြိုင်ပွဲတွေတွေ ကို ကျင်းပဖို့ ခွင့်ပြုမိန့် ကျွန်တော်တို့မပေးသေးပါဘူး။ 

COVID-19 ရောဂါက ကနည်းနည်းပြန်သတိထားရမယ့် အနေအထားဖြစ်လို့ လောလောဆယ်တော့ ခွင့်ပြုလို့ရတဲ့ အနေအထားမရှိသေးပါဘူး။ Myanmar National League တောင်မှ စည်းကမ်းသတ်မှတ်ချက် နဲ့ အညီ အဆင့်ဆင့်အချိန်ယူပြီး ပရိသတ်မပါဘဲ ကျင်းဆောင်ရွက်ရခြင်းဖြစ်ပါတယ်။’’ ဟု ဦးမျိုးလှိုင်ကဆက်ပြောသည်။

မြန်မာအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငါးနှစ်စီမံချက် ဆွေးနွေးညှိနှိုင်းပြီးပါက ပြည်သူထံ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လက်ရှိတွင် အဆင့်ဆင့်ဆွေးနွေးရန်ကျန်ရှိနေသေးကြောင်း သိရသည်။   (Xinhua)