Connect with us

Sport

ထိုင်း နှင့် မလေးရှား နိုင်ငံများသို့မြှားပစ် ၊ တိုက်ကွမ်ဒို နှင့် စက်ဘီး အဖွဲ့များ သွားရောက် ယှဉ်ပြိုင်မည်

၂၀၁၇ခုနှစ်၊ ဆဌမအကြိမ်မြောက် အရှေ့တောင်အာရှတံခွန်စိုက် မြှားပစ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အားကစား သမားများ ယှဉ်ပြိုင်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ- အား/ကာ (ရန်ကုန်) )

ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

၂၉ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိစေရေး အတွက် ထိုင်း နိုင်ငံ နှင့် မလေးရှား နိုင်ငံတို့၌ ကျင်းပပြုလုပ်မည့် အားကစား ပြိုင်ပွဲများသို့မြှားပစ် ၊ တိုက်ကွမ်ဒို နှင့် စက်ဘီး အဖွဲ့များ သွားရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာနမှ သိရသည်။

ထိုင်းနိုင်ငံ၌ မတ်လ ၂၁ ရက်မှ ၂၅ ရက်ထိ ကျင်းပမည့် 2017 Asian Cup World Ranking Tournament Stage II မြှားပစ် ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ မြှားပစ် အဖွဲ့အနေဖြင့် Compound တစ်ဦးချင်း ပြိုင်ပွဲ နှင့် အသင်းလိုက် ပြိုင်ပွဲ ၊ Recurve တစ်ဦးချင်း ပြိုင်ပွဲ နှင့် အသင်းလိုက် ပြိုင်ပွဲ ၊ Mixed Team အသင်းလိုက် ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ထိုင်းနိုင်ငံ၌ ဧပြီလ ၁ ရက်မှ ၆ ရက်ထိ ကျင်းပမည့် Tour of Thailand 2017 တာဝေး စက်ဘီး ပြိုင်ပွဲသို့မြန်မာနိုင်ငံမှ သွားရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

မလေးရှား နိုင်ငံ၌ မတ်လ ၂၁ ရက် မှ ၂၆ ရက်ထိ ကျင်းပမည့် ၁၃ ကြိမ်မြောက် အာဆီယံ ချန်ပီယံရှစ် တိုက်ကွမ်ဒို ပြိုင်ပွဲတွင် ပြိုင်ပွဲ အလိုက် မြန်မာနိုင်ငံမှ တိုက်ကွမ်ဒို အားကစား သမားများ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.