Connect with us

Sport

အာဆီယံ မသန်စွမ်း ပြိုင်ပွဲ၌ မြန်မာရေကူး၊ ပြေးခုန်ပစ်နှင့် စစ်တုရင် အဖွဲ့များ ရွှေတံဆိပ် ဆုများ ရရှိ

(၈) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ၏ ဘောလုံး ပြိုင်ပွဲဝင် မြန်မာ အသင်းနှင့် စင်ကာပူ အသင်းတို့ ယှဉ်ပြိုင် ကစားနေစဉ် (ဓာတ်ပုံ--www.aseanparagames.com)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

စင်ကာပူ နိုင်ငံ၌ ကျင်းပလျက် ရှိသည့် (၈) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲ၏ ဆဋ္ဌမနေ့ ပွဲစဉ်များကို ဒီဇင်ဘာလ ၈ ရက်က ဆက်လက် ကျင်းပရာ မြန်မာ ပြေးခုန်ပစ်နှင့် ရေကူး အဖွဲ့များက ဆုတံဆိပ်များ ရယူနိုင် ခဲ့ကြောင်း အားကစား ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

မြန်မာ ပြေးခုန်ပစ် အဖွဲ့မှာ ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် နှစ်ခု ရယူပေးနိုင် ခဲ့ခြင်း ဖြစ်ပြီး ရွှေတံဆိပ် ဆုကို ကျော်ကျော်ဝင်းက အမျိုးသား မီတာ 200 T44 ပြိုင်ပွဲ၌ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ငွေတံဆိပ် ဆုကို အမျိုးသား အမြင့်ခုန် F42/44 ပြိုင်ပွဲ၌ စိုးသန်း၊ ကြေးတံဆိပ် ဆုများကို အမျိုးသား မီတာ 200 T42 ပြိုင်ပွဲ၌ တင့်နိုင်ဝင်း၊ အမျိုးသမီး သံလုံးပစ် F 54/55 ပြိုင်ပွဲ၌ ထက်ထက်အေးတို့က ရယူနိုင် ခဲ့ခြင်း ဖြစ်သည်။

ကျော်ကျော်ဝင်းမှာ ယခုပြိုင်ပွဲတွင် ဒုတိယမြောက် ရွှေတံဆိပ် ဆုရ ယူ နိုင်ခဲ့ခြင်းဖြစ်သည်။ မသန်စွမ်း ရေကူးပြိုင်ပွဲမှာ ဒီဇင်ဘာလ ၈ ရက်က ပြီးဆုံးခဲ့ပြီး ရွှေတံဆိပ် တစ်ခု၊ ငွေ တံဆိပ် တစ်ခု၊ ကြေး တံဆိပ် တစ်ခု မြန်မာအဖွဲ့က ထပ်မံ ရယူနိုင် ခဲ့သည်။ မြန်မာ ရေကူးအဖွဲ့မှာ ပြိုင်ပွဲ အပြီးတွင် ရွှေတံဆိပ် ကိုးခု၊ ငွေတံဆိပ် ခုနစ်ခု၊ ကြေးတံဆိပ် ခုနစ်ခု ရယူ နိုင်ခဲ့သည်။

ဒီဇင်ဘာလ ၈ ရက်တွင် မြန်မာ ရေကူး အဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသားမီတာ 200 SM6 ပြိုင်ပွဲ၌ နိုင်စစ်အောင်၊ ငွေတံဆိပ် ဆုကို ယင်းပြိုင်ပွဲ မှ အောင်မြင့်မြတ်၊ ကြေးတံဆိပ် ဆုကို မီတာ 200 SM10 ပြိုင်ပွဲ၌ အောင်ဖုန်းတို့က ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ စစ်တုရင် အဖွဲ့မှာလည်း ရွှေတံဆိပ် တစ်ဆု၊ ငွေတံဆိပ် နှစ်ဆု ထပ်မံ ရရှိခဲ့ပြီး အမျိုးသား အသင်းလိုက် Rapid BI ပြိုင်ပွဲနှင့် အမျိုးသမီး အသင်းလိုက် B2/B3 ပြိုင်ပွဲ၌ ငွေဆုများ ရယူနိုင် ခဲ့ကြောင်း သိရသည်။

အမျိုးသမီး Goal ball ပြိုင်ပွဲ တွင် မြန်မာအသင်းက ကြေးတံဆိပ်ဆု ရရှိခဲ့သည်။ ဒီဇင်ဘာလ ၈ ရက် ညနေပိုင်း ပွဲစဉ်များ အပြီးအထိ မြန်မာ အားကစားအဖွဲ့က ရွှေတံဆိပ် ၁၅ ခု၊ ငွေတံဆိပ် ၁၆ ခု၊ ကြေးတံဆိပ် ၂၇ ခု ရယူထားနိုင်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.