Connect with us

News

အာဖဂန်နစ္စတန်ရှိ ပြည်နယ် ၁၆ ခုတွင် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း စတင်

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်း ကမ်ပိန်းအတွင်း ကလေးငယ်တစ်ဦးကို ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနေသည်ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံရှိ ပြည်နယ် ၃၄ ခုအနက် ၁၆ ခုတွင် အသက် ၅ နှစ်အောက် ကလေးငယ် ၅.၃ သန်းကျော်ကို ယခုနှစ်အတွင်း ပထမအကြိမ်အဖြစ် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးခြင်း ကမ်ပိန်းကို စတင်ပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်က ပြောကြားခဲ့သည်။ ကျန်းမာရေးဝန်ထမ်း အမြောက်အများကလည်း မြို့တော် ကဘူးလ်အပါအဝင် ပြည်နယ် ၁၆ ခု၌ ဇန်နဝါရီ ၂၃ ရက်မှ ၂၆ ရက်အထိ လေးရက်ကြာ ကာကွယ်ဆေးတိုက်ကျွေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)

Afghanistan launches polio vaccination drive in 16 provinces

Afghanistan launched the first campaign this year to administer the polio vaccine to more than 5.3 million children under five in 16 out of the country’s 34 provinces, the country’s Public Health Ministry said in a statement Monday. Thousands of health workers will carry out the four-day campaign from Monday to Thursday in 16 provinces, including the capital Kabul xhtxs.cn/DZ8

Photo :A health worker gives a dose of the polio vaccine to a child during a vaccination campaign against polio in Kabul, Afghanistan, on Sept. 19, 2022. (Photo by Saifurahman Safi/Xinhua)