Connect with us

News

နယူးဇီလန်နိုင်ငံရှိ မြို့တိုင်းနီးပါးတွင် EV အားသွင်းရုံများ တည်ဆောက်မည်

နယူးဇီလန်နိုင်ငံ North Island ရှိလူဦးရေ ၁.၅ သန်းဝန်းကျင်ရှိသော မြို့တော် အော့ကလန်ကို ၂၀၁၈ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝယ်လ်လင်တန်၊ မတ် ၂၃ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံတွင် မတ် ၂၂ရက်က အနာဂတ်ကို အားသွင်းခြင်း (Charging Our Future) ဖြစ်သည့် ပထမဆုံး အမျိုးသား EV (လျှပ်စစ်စွမ်းအင်သုံးယာဉ်) အားသွင်းခြင်းမဟာဗျူဟာ ကို စတင်ဆောင်ရွက်ခဲ့သည်။ နိုင်ငံ၏မြို့တိုင်းနီးပါးတွင် EV အားသွင်းရုံများ ဖော်ဆောင်ရန်နှင့် အဓိကအဝေးပြေးလမ်းများ၏ ကီလိုမီတာ ၁၅၀-၂၀၀ စီတိုင်းတွင် အားသွင်းနေရာများ ထားရှိရန် အစီအစဉ်များ ပါဝင်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ နယူးဇီလန်မှာ အသုံးပြုခွင့်ရတဲ့ လက်ခံနိုင်တဲ့၊ အဆင်ပြေပြီး ယုံကြည်စိတ်ချ ရတဲ့ ကမ္ဘာ့အဆင့်မီ EV အားသွင်းဖို့အခြေခံအဆောက်အအုံတွေ တည်ရှိရေးပဲဖြစ်ပါတယ်” ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး မိုက်ကယ်ဝုဒ်က အဆိုပါ မဟာဗျူဟာစတင်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံတွင် ယာဉ်ငယ်များမှ မီးခိုးထုတ်လွှတ်မှုသည် သယ်ယူပို့ဆောင်ရေးယာဉ်ထုတ်လွှတ်မှု၏ တစ်ခုတည်းသော အကြီးမားဆုံးအရင်းအမြစ်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံဖြိုးတိုးတက်ရေးအဖွဲ့(OECD) နိုင်ငံများ အဖွဲ့ဝင်ဖြစ်သော နယူးဇီလန်၌ အရည်အသွေးအညံဖျင်းဆုံး လောင်စာဆီများနှင့် မီးခိုးထုတ်လွှတ်မှုလွန်ကဲသော မော်တော်ယာဉ်အချို့ရှိနေခြင်းကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
New Zealand to provide EV charging stations in almost every town
WELLINGTON, March 22 (Xinhua) — New Zealand on Wednesday launched the first national EV (Electric Vehicle) charging strategy, Charging Our Future, which includes plans to provide EV charging stations in almost every town in the country, and charging hubs every 150-200 km on main highways.
“Our vision is for New Zealand to have world-class EV charging infrastructure that is accessible, affordable, convenient, and reliable,” Transport Minister Michael Wood told the launching ceremony.
Emissions from light vehicles are the single largest source of transport emissions in New Zealand, partially due to having some of the most fuel-inefficient and emissions-intensive vehicles in the Organization for Economic Cooperation and Development (OECD) countries.
Photo: Photo taken on May 10, 2018 shows the view of Auckland, New Zealand. Auckland, with a population of around 1.5 million, is a metropolitan city in the North Island of New Zealand. (Xinhua/Guo Lei)