ပေကျင်း၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) “တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် – တရုတ်ပြည်သူများ၏ ရိုးရာနှစ်သစ်ကူးပွဲတော် ဂုဏ်ပြုကျင်းပသည့် လူမှုလှုပ်ရှားမှုများ” သည် ၂၀၂၄ ခုနှစ်တွင် ယူနက်စကိုအဖွဲ့၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ တရုတ်ပြက္ခဒိန်အရ မြွေနှစ် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ပြီးနောက် ပထမဆုံးကျင်းပသည့်...
ယခုနှစ် (မြွေနှစ်) တွင် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန် အစဥ်တစိုက် ကြိုးပမ်းအားထုတ်သင့်ကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းတစ်ဦးက ပြောကြားခဲ့သည်။ “ကျွန်တော် အဓိကပေးချင်တဲ့ သတင်းစကားကို ရှင်းရှင်းလင်းလင်း ပြောရရင်တော့ ကျွန်တော်တို့ လုပ်နိုင်တာတွေကို လုပ်ကြဖို့ပါပဲ။ ပါးပါးနပ်နပ်ရှိပါ။ ခေါင်းအေးအေးထားပါ။ တည်တည်ငြိမ်ငြိမ်ရှိပြီး အကောင်းမြင်ပါ။ ဇွဲသတ္တိရှိပြီး စိတ်ရှည်သည်းခံကြပါ” ဟု...
ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ဇန်နဝါရီ ၁၄ ရက် နွေဦးပွဲတော် ခရီးသွားလာမှုစတင်ချိန်မှ ဇန်နဝါရီ ၃၀ ရက်အထိ နိုင်ငံတစ်ဝှန်း မီးရထားဖြင့် သယ်ယူပို့ဆောင်လာသည့် ခရီးသည် သွားလာမှု စုစုပေါင်း အကြိမ်ရေ သန်း ၂၀၀ ကျော်ရှိ၍ ၂၀၆ သန်းအထိရှိလာကာ သယ်ယူပို့ဆောင်ရေးမှာ...
တရုတ်နိုင်ငံက နိုင်ငံနှင့် ဒေသပေါင်း ၁၆၀ ကျော်သို့ ပို့ကုန်တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်အတွင်း မြင့်တက်လာခဲ့သည်ဟု အထွေထွေ အကောက်ခွန်ဦးစီးဌာန (GAC) ၏ အဆိုအရ သိရသည်။ တရုတ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ ယမန်နှစ် ကာလတူထက် ၇.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ လွန်ခဲ့သောနှစ်တွင် ယွမ် ၂၅.၄၅ ထရီလီယံ...
ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ DeepSeek ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်သော အိုးပင်း-ဆို့စ် (open-source) မော်ဒယ်သစ်ဖြစ်သည့် DeepSeek-R1 နှင့် ပတ်သက်၍ ဉာဏ်ရည်တု (AI) အသိုင်းအဝိုင်းတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သော DeepSeek-R1 သည် အလျင်အမြန်ပျံ့နှံ့သွားခဲ့ပြီး...
ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံ၊ ဂွမ်တာနာမိုရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းတွင် ရှိပြီးသား တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ထိန်းသိမ်းရေးစင်တာကို တိုးချဲ့တည်ဆောက်ရန် ကာကွယ်ရေးဌာန (DOD) နှင့် အမိမြေလုံခြုံရေးဌာန (DHS) တို့အား ညွှန်ကြားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၉ ရက်က ကြေညာခဲ့သည်။...
ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) အမေရိကန် ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် စစ်ရဟတ်ယာဉ်တစ်စင်းတို့သည် ဇန်နဝါရီ ၂၉ ရက် ညပိုင်းတွင် တိုက်မိပြီး မြစ်ထဲသို့ပျက်ကျခဲ့သည်။ အဆိုပါလေယာဉ်ပျက်ကျမှုသည် အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်နှင့် အနီးတစ်ဝိုက်ဒေသများ လေကြောင်းပို့ဆောင်ရေးကျပ်တည်းမှု ပြဿနာကို မီးမောင်းထိုးပြနေကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇန်နဝါရီ...
— ထိပ်ဆုံးသုံးသင်းအတွက် ကျော်ဖြတ်ရန် အခက်အခဲသိပ်မရှိနိုင်သည့် စပိန်လာလီဂါပွဲစဥ်- ၂၂ ယခုသီတင်းပတ်ကုန်တွင် ယှဉ်ပြိုင်ကစားမည့် စပိန်လာလီဂါပွဲစဉ်-၂၂ တွင် ရီးရဲလ်မက်ဒရစ်က အက်စပန်ညိုနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ကလည်း ခြေစွမ်းကျဆင်းနေသည့် မာလော့ကာနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ဘာစီလိုနာကမူ အလာဗက်စ်အား အိမ်ကွင်း၌ ဧည့်ခံကစားမည်ဖြစ်သည်။ ရီးရဲလ်အနေဖြင့် တန်းဆင်းဇုန်မှလွတ်ရန် အသည်းအသန်...
ရန်ကုန်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) က နိုင်ငံတော် တစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် နောက်ထပ် ခြောက်လ တိုးမြှင့် သတ်မှတ်လိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သော...
ချိန်တူး၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အရှေ့တောင်ပိုင်းရှိ ကျစ်ကုန့်မြို့တွင် ဒိုင်နိုဆော၊ ရေတွင်းဆားနှင့် မီးပုံးပွဲတော် ဟူသော ထူးခြားချက်သုံးမျိုးရှိသည်။ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ကျရောက်ချိန်တိုင်းတွင် ကျစ်ကုန့်မီးပုံးပွဲတော်သည် ၎င်း၏သေသပ်လှပသော ဒီဇိုင်း၊ တောက်ပသော မီးအလင်းရောင်ကြောင့် လူအများဂရုပြုခြင်းခံရသည်။ တရုတ်ပြက္ခဒိန်အရ နှစ်သစ်ပထမလ၏ လပြည့်နေ့ည...