Connect with us

Sino-Myanmar

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု၏ နက်ရှိုင်းသည့် ချစ်ကြည် ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရန် မျှော်လင့်ကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန် ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ရိုးရာ နှစ်သစ်ကူး မိတ်ဆုံ ညစာ စားပွဲတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု၏ နက်ရှိုင်းသည့် ချစ်ကြည် ဆက်ဆံရေးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး အနေဖြင့် မြန်မာ မီဒီယာ မိတ်ဆွေများနှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရန် မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မြန်မာနိုင်ငံရှိ သတင်းဌာန အသီးသီးမှ မီဒီယာများနှင့် မတ်လ ၄ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ သံအမတ်ကြီး နေအိမ်၌ ပြုလုပ်သော တရုတ် ရိုးရာ နှစ်သစ်ကူး မိတ်ဆုံ ညစာ စားပွဲတွင် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မြန်မာမီဒီယာ မိတ်ဆွေများ အားလုံးကို တရုတ်ရိုးရာ နှစ်သစ်ကူးလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ကိုယ်စားပြုပြီး နှစ်သစ်တွင် ပျော်ရွှင်ပါစေကြောင်း နှင့် အားလုံး အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည့် နှစ်ဝက်ခန့်အကြာ ကာလအတွင်း ရေဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ရာတွင် မြန်မာမီဒီယာ မိတ်ဆွေများ၏ အကူအညီများ ရရှိခဲ့ပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်ရန် နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု အခြေခံ ဆက်ဆံရေး မြှင့်တင်ရန် အတွက်လည်း မြန်မာမီဒီယာ မိတ်ဆွေများမှ အင်မတန် အရေးကြီးသည့် ကဏ္ဍမှပါဝင်ခဲ့ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ရိုးရာ နှစ်သစ်ကူး မိတ်ဆုံ ညစာ စားပွဲတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံသည် ခင်မင် ရင်းနှီးစွာ ဆက်ဆံနေသည့် အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ပြီး ရှည်လျားသည့် နယ်နိမိတ်များ ရှိကြကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထုသည် နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိသည့်အတွက်ကြောင့် ထူးခြားသည့် နှစ်နိုင်ငံ ဆက်ဆံရေး ဖြစ်ပါကြောင်း ၊ နောင်တွင် တရုတ်-မြန်မာ ချစ်ကြည် ဆက်ဆံရေးသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် တရုတ် ရိုးရာ နှစ်သစ်ကူး မိတ်ဆုံ ညစာ စားပွဲတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး ကာလနှင့် တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်သည့် ဖြစ်စဉ်များ ထဲတွင် မြန်မာမီဒီယာများသည် ပိုမို အရေးကြီးသည့် အခန်းကဏ္ဍတွင် ရောက်ရှိနေပြီး မီဒီယာများ၏ အထောက်အကူ ပြုမှုဖြင့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အဆင်ပြေစွာ အကောင်အထည် ဖော်နိုင်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို ကောင်းမွန်သည့် အနာဂတ် ရရှိလိမ့်မည်ဟု ယုံကြည်ပါကြောင်း သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားခဲ့သည်။

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် တရုတ် ရိုးရာ နှစ်သစ်ကူး မိတ်ဆုံ ညစာ စားပွဲတွင် မီဒီယာများနှင့် သီးသန့် တွေ့ဆုံစဉ် (ဆင်ဟွာ)

Normal 0 false false false EN-US ZH-CN X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-parent:””; mso-padding-alt:0cm 5.4pt 0cm 5.4pt; mso-para-margin-top:0cm; mso-para-margin-right:0cm; mso-para-margin-bottom:10.0pt; mso-para-margin-left:0cm; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;}

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် တရုတ် ရိုးရာ နှစ်သစ်ကူး မိတ်ဆုံ ညစာ စားပွဲတွင် မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားစဉ် (ဆင်ဟွာ)

ဆက်လက်၍ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရိုးရာ နှစ်သစ်ကူး မိတ်ဆုံ ညစာစားပွဲသို့ တက်ရောက်လာသည့် မီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည် ဖြေကြားရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပတ်သက်၍ လက်ရှိတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ နည်းလမ်းကို လျှောက်လှမ်းနေပြီး တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ရွေးချယ်မှုကို ထောက်ခံပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ချက် နှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များ၊ ရေအသုံးချ စီမံ ခန့်ခွဲမှုဆိုင်ရာ ကဏ္ဍ၏ အရေးပါပုံများ အပြင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာပြည်သူများ၏ လူမှုရေး နှင့် ကျန်းမာရေး ဆိုင်ရာအခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် အစီအစဉ်များ အကြောင်းကို ရှင်းလင်း ပြောကြားခဲ့သည်။ (Xinhua)