Connect with us

Culture

တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး အား တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် အတူတကွ ပျော်ရွှင်စွာ ကြိုဆို


ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား အား ဖေဖေါ်ဝါရီ ၁ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး အိမ်တော်တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ နှင့် အရက်ဖက် ဆွေမျိုးပေါက်ဖော် တို့ မှ အတူတကွ ပျော်ရွှင်စွာ နှစ်သစ် အား ကြိုဆိုခဲ့ကြသည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ ၊ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံ အစိုးရ ဌာန အသီးသီး မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ အရပ်ဖက် အဖွဲ့အစည်း အသီးသီး မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီး တို့မှ တက်ရောက်ခဲ့ကြသည်။

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် ၁၉၇၈ ခုနှစ် မှ ၂၀၁၈ ခုနှစ် အထိ တရုတ် နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့် ဝါဒ နှစ် ၄၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံ ပြပွဲ ကျင်းပ ပြုလုပ်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု အကအလှများ ၊ ရိုးရာတူရိယာ တီးမှုတ်မှုများ ၊ ဂျွမ်းဘား အတတ်ပညာတင်ဆက်မှုများ ၊ တေးသီချင်း သီဆိုမှု များနှင့် အတူတကွ တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး အား နှစ်နိုင်ငံ အတူတကွ ကြိုဆိုခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အဖွင့်အမှာစကား ပြောကြား ခဲ့ရာတွင် တရုတ် ရိုးရာ နှစ်သစ်ကူး အချိန်အခါ တွင် ဆွေမျိုးပေါက်ဖော် ဖြစ်သည့် မြန်မာ နိုင်ငံ ပြည်သူလူထု များ နှစ်သစ် တွင် မင်္ဂလာ အပေါင်း နှင့် ပြည့်စုံကြစေလိုကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ က အပြန်အလှန် ထောက်ခံအားပေးခဲ့ကြသည့် ဆွေမျိုးပေါက်ဖော် နိုင်ငံ ဖြစ်ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး မှာလည်း အဆက်မပြတ် ပိုမို နက်ရှိုင်းလာခဲ့ကြောင်း ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု က ပိုမိုနက်ရှိုင်းလာခဲ့ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ကလည်း ခေတ်ကာလ အချိန်အခါ သစ်တွင် အခွင့်အလမ်း နှင့် အားအင် များစွာ ဖြင့် ပြည့်နက်နေပြီး ပိုမို ကျယ်ပြန့်သည့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကို ဖော်ပြနေကြောင်း ၊ တရုတ် ရိုးရာ နှစ်သစ်ကူး အရ မကြာမီ ရောက်ရှိလာတော့မည့် နှစ်သစ် တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများ အတွက် အကျိုးစီးပွား ပိုမို ဆောင်ကြဉ်းပေးပြီး ကမ္ဘာကြီးအတွက် ပျော်ရွှင်မှု နှင့် မျှော်လင့်ချက် ပိုမို ဆောင်ကြဉ်း ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနား က တရုတ် လူမျိုးများ ၏ အစဉ်အလာ နှင့် ယဉ်ကျေးမှု အရ လွန်စွာ အလေးထားသည့် အခမ်းအနား တစ်ခု ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ က ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံ များ ဖြစ်ကြပြီး ရှည်လျားသည့် သမိုင်းကြောင်း အစဉ်အလာ များ ရှိကြကြောင်း ၊ နှစ်နိုင်ငံ အကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး မှ တစ်ဆင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး ကို အခြေခံ၍ ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်မှု များ ဆောင်ရွက်နေကြောင်း ၊ တရုတ် နိုင်ငံ က နိုင်ငံတကာ တွင် မြန်မာ နိုင်ငံ အပေါ် နားလည်မှု အပြည့်အဝ ဖြင့် ထောက်ခံရပ်တည် အားပေးမှု အပေါ် အလေးအနက်ထား တန်ဖိုးရှိကြောင်း ကို ပြောကြားလိုကြောင်း ၊ မြန်မာ နိုင်ငံ အမျိုးသား ငြိမ်းချမ်းရေး နှင့် ပြန်လည် သင့်မြတ်ရေး အပေါ်တွင်လည်း တရုတ် နိုင်ငံ မှ အပြုသဘောဆောင်သည့် အကူအညီများ ပေးအပ်လေ့ရှိပြီး မြန်မာ နိုင်ငံ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အကူအညီများ ပေးအပ် ခဲ့ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းတွင် တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိပြီး နှစ်နိုင်ငံ ပြည်သူလူထု အကျိုးဖြစ်ထွန်းစေမည့် ဆောင်ရွက်မှုများအား ဆောင်ရွက်နေကြောင်း ၊ ၂၀၁၉ ခုနှစ် တွင် နှစ်နိုင်ငံ ပြည်သူလူထု တို့ အတွက် ကံကောင်းမှု ၊ ချမ်းသာကြွယ်ဝမှု နှင့် အောင်မြင်မှု အတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်သွားမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

“၂၀၁၉ ခုနှစ် တရုတ် နှစ်ကူး ဧည့်ခံပွဲ ” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ယနေ့ကျင်းပ ပြုလုပ်ည့် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ကြိုဆိုပွဲ အခမ်းအနားတွင် တရုတ် နိုင်ငံ ပြုပြင်ပြောင်းလဲရေး နှင့် တံခါင်းဖွင့် မူဝါဒ ကျင့်သုံးခြင်း ဆိုင်ရာ နှစ် ၄၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ကို ကျင်းပ ပြုလုပ် ခဲ့ကြောင်း ၊ အခမ်းအနား တွင် တရုတ် နိုင်ငံ ကျန်းစူး ပြည်နယ် ၊ ယူနန်ပြည်နယ် ၊ ရှန်ရှီးပြည်နယ် ၊ မြန်မာ နိုင်ငံ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာပညာ တက္ကသိုလ် နှင့် ရန်ကုန်မြို့ရှိ မေရီချက်(ပ်)မင်း နားမကြားကလေးများကျောင်း တို့မှ ရှုမငြီးဖွယ် ဖျော်ဖြေတင်ဆက်မှုများကို တင်ဆက်ခဲ့ကြသည့် အပြင် တရုတ် ရိုးရာ အနုပညာလက်ရာ များ နှင့် ရိုးရာ အစားအစာ များဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် အတူတကွ နှစ်သစ်အား ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။(Xinhua)