Connect with us

Culture

မြန်မာ နိုင်ငံ တွင် လန်ချန်း-မဲခေါင် ဒေသတွင်း ရှိ လူငယ်များ တွေ့ဆုံ ပြီး ယဉ်ကျေးမှု ဆိုင်ရာ ဖလှယ်ခြင်း နှင့် အနုပညာ ထိန်းသိမ်းရေး ဆိုင်ရာ စာတမ်းဖတ်ခြင်း ပြုလုပ်


မန္တလေး ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်း က မန္တလေးမြို့ရှိ ဟိုတယ်ရွှေပြည်သာ တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး “လန်ချန်း-မဲခေါင် ဒေသတွင်းရှိ အဖွဲ့ဝင် နိုင်ငံများ မှ ရိုးရာ ယဉ်ကျေးမှုများ နှင့် အနုပညာရပ်များ ထိန်းသိမ်းရေး” စာတမ်းများ ကို ဒေသတွင်းရှိ နိုင်ငံ အလိုက် စာတမ်းဖတ်ခြင်း ပြုလုပ်ခဲ့ကြသည်။

ဖွင့်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကိုယ်စား မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်း ၊ မန္တလေးတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ဥက္ကဋ္ဌ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မန္တလေးမြို့ အခြေစိုက် တရုတ် နိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် မစ္စတာ ဝမ်ကျုံရင်(Mr.Wang Zongying) ၊ မြန်မာ နိုင်ငံ အစိုးရ သက်ဆိုင်ရာ ဌာန အသီးသီး မှ တာဝန်ရှိပုဂ္ဂိုလ်များ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် နိုင်ငံအသီးသီး မှ ကိုယ်စားလှယ် အဖွဲ့ တို့က တက်ရောက် ခဲ့ကြသည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဖွင့်ပွဲ အခမ်းအနား တွင် လန်ချန်း-မဲခေါင် ဒေသတွင်းရှိ အဖွဲ့ဝင် နိုင်ငံ ၆ နိုင်ငံ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လိုအပ်သည့် ဒေသတွင်း နိုင်ငံ အသီးသီး မှ အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ကို ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယဉ်ကျေးမှု ဖလှယ်ခြင်း မှ တစ်ဆင့် နိုင်ငံများ အကြား အပြန်အလှန် နားလည်မှု ၊ ချစ်ခင်ယုံကြည်မှု ၊ ယဉ်ကျေးမှု အပေါ် အပြန်အလှန် လေးစား တနန်ဖိုးထားမှု ၊ အတူတကွ ပူးပေါင်းဆောင်ရွက်မှု နှင့် အတွေးအမြင်သစ်များ အပြန်အလှန် ဖလှယ်နိုင်မှုများ တိုးတက်စေလိုကြောင်း ၊ လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အနုပညာရှင်လူငယ်များ တွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရန် အတွက် ကူညီထောက်ပံ့ပေးခဲ့သည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အစိုးရ နှင့် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့ကြသည့် ဒေသတွင်း အဖွဲ့ဝင် နိုင်ငံများ အား ဝန်ကြီးဌာန ကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဖွင့်ပွဲ အခမ်းအနား တွင် အမှာစကားပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က ဖွင့်ပွဲ အခမ်းအနား တွင် အမှာစကားပြောကြား နေစဉ်(ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်း က အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ဥက္ကဋ္ဌ ဦးချမ်းအေး က မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် မောင် ပေါင်ဇလန့်က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကိုယ်စား မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ စိုးသန်း က လန်ချန်း-မဲခေါင် ဒေတွင်း ရှိ လူငယ်များ တွေ့ဆုံပွဲ အား မြန်မာ နိုင်ငံ ၏ ရှေးဟောင်း ယဉ်ကျေးမှု မြို့တော် မန္တလေး တွင် လာရောက်ကျင်းပ ပြုလုပ်သည့် အတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရ ကိုယ်စား လွန်စွား ဝမ်းမြောက် ဂုဏ်ယူမိကြောင်း ၊ တွေ့ဆုံပွဲ အစီအစဉ် အတွင်း လန်ချန်း-မဲခေါင် ဒေသ အဖွဲ့ဝင် နိုင်ငံများ မှ ကိုယ်စားလှယ် အဖွဲ့များအား ယဉ်ကျေးမှု ဆိုင်ရာ နေရာအသီးသီး ပို့ဆောင်ပေးရန် စီစဉ်ထားပြီး မြန်မာ နိုင်ငံ သမိုင်းဝင် နေရာများ သို့လည်း ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ဖြင့် ဒေသတွင်း ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို ထောက်ပံ့ပေးသည့် အတွက် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က တရုတ် နိုင်ငံသည် မဲခေါင်မြစ် ဒေသတွင်း ရှိ နိုင်ငံ ၅ နိုင်ငံ နှင့် တောတောင်ရေမြေခြင်း ထိစပ်နေသည့် သဘာ၀ အလျှောက် ဖြစ်တည်နေသော ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မဲခေါင်မြစ် ဒေသတွင်း ရှိ နိုင်ငံ များ ရေရှည် တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် လိုလာကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အား ထူထောင်ပေးခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် အထူးရန်ပုံငွေ အား ထူထောင်ပေးခဲ့ကာ မဲခေါင်မြစ် ဒေသတွင်း နိုင်ငံ များ ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ထောက်ပံ့ပေးခဲ့ကြောင်း ၊ ရန်ပုံငွေ ထူထောင်ပြီး ၃ နှစ်တာ အချိန် ကာလ အတွင်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၂၆၀ ကို အကောင်အထည်ဖော် နိုင်ခဲ့ပြီး ဒေသတွင်း ထိရောက်မှု အရှိဆုံး ဆောင်ရွက်မှု တစ်ခု ဖြစ်လာခဲ့ကြောင်း ၊ ယနေ့ကျင်းပ ပြုလုပ်သည့် အစီအစဉ် သည်လည်း လန်ချန်း-မဲခေါင် လူမှုရေး နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း ၏ အရေးပါသည့် စီမံကိန်း တစ်ရပ် ဖြစ်ပြီး ဒေသတွင်း ပြည်သူလူထု များ အကြား စိတ်နှလုံးခြင်း ချိတ်ဆက်မှု အပေါ် လွန်စွာ အရေးပါကြောင်း ၊ လန်ချန်း-မဲခေါင် ဒေသတွင်းရှိ လူငယ်များ က ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ နှင့် အတူတကွ ကြီးပြင်းကာ အတူတကွ တောက်ပသည့် အနာဂတ် ရရှိစေရန်မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ဥက္ကဋ္ဌ ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် စီးပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး က လတ်တလောရက်ပိုင်း အတွင်း တရုတ် နိုင်ငံ အစိုးရ က ဒုတိယ အကြိမ်မြောက် အနေဖြင့် မြန်မာ နိုင်ငံ အား စီမံကိန်း ပေါင်း ၁၉ ခု အတွက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ ဖြင့် အမေရိကန် ဒေါ်လာ ၇.၃၇ သန်း ပေးအပ်ခဲ့ကြောင်း ၊ ပထမ အကြိမ်တွင် လည်း မြန်မာ နိုင်ငံ အား အထူးရန်ပုံငွေ တစ်ရပ် အနေဖြင့် အမေရိကန် ဒေါ်လာ ၂.၄ သန်း ပေးအပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံ များ အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ငွေကြေး ကူညီထောက်ပံ့မှုများ ကူညီဆောင်ရွက်ပေး ခဲ့ပြီး ယနေ့ ကျင်းပ ပြုလုပ်သည့် အစီအစဉ် သည်လည်း တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှု တစ်ခု အပါအဝင် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ကူညီထောက်ပံ့မှု ဖြင့် ဆောင်ရွက်နေသည့် လန်ချန်း-မဲခေါင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ က ဒေသတွင်း အဖွဲ့ဝင် နိုင်ငံများ ၏ ပြည်သူလူထု အကြား ဆက်ဆံရေး အား ပိုမိုကောင်းမွန်စေသည့် အတွက် တရုတ် နိုင်ငံ အစိုးရ အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ တွင် မြန်မာ နိုင်ငံ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်ဖြစ်သူ မောင် ပေါင်ဇလန့် က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား ခဲ့ရာ တွင် မိမိ အနေဖြင့် ချင်းပြည်နယ် တီးတိန်မြို့ မှ လာရောက် ခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် ပန်းချီပညာရပ် မဟာဘွဲ့တန်း ပထမ နှစ် ကျောင်းသား တစ်ဦး ဖြစ်ကြောင်း ၊ ယခု ကျင်းပပြုလုပ်သည့် အစီအစဉ် မှ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု နှင့် ယဉ်ကျေးမှု ဖလှယ်ခြင်း အား တိုးမြှင့်ပေးနိုင်မည် ကို ယုံကြည်ကြောင်း ၊ ယဉ်ကျေးမှု ဖလှယ်ပွဲ အတွင်း ယဉ်ကျေးမှု နှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲကိုလည်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်သောကြောင့် ဒေသတွင်း အခြား နိုင်ငံ များ ၏ ယဉ်ကျေးမှု အား ပိုမို သိရှိနားလည် နိုင်စေမည် ဖြစ်ကြောင်း ၊ ရှေ့ဆက်၍ လည်း အလားတူပွဲမျိုး ဆက်လက်ကျင်းသွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

လန်ချန်း-မဲခေါင်ဒေသတွင်း အနုပညာရှင် လူငယ်များ တွေ့ဆုံပွဲ အား ဇန်နဝါရီ ၂၇ ရက် မှ ၃၁ ရက် အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်(မန္တလေး) မှ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ တွေ့ဆုံပွဲ ကျင်းပ ပြုလုပ်စဉ် ဒေသတွင်း ရှိ နိုင်ငံ ၆ နိုင်ငံ မှ တစ်နိုင်ငံ လျှင် လူငယ် အနုပညာရှင် ၄ ဦး နှင့် ခေါင်းဆောင် တစ်ဦး စုစုပေါင်း ၅ ဦး ပါဝင်သွားကြမည် ဖြစ်ကြောင်း ၊ တွေ့ဆုံပွဲ အတွင်း လူငယ်များ ၏ ရိုးရာယဉ်ကျေးမှု ၊ ပန်းချီ ၊ ပန်းပု ၊ အဆို ၊ အက များ တင်ဆက် ပြသ သွားမည် ဖြစ်ပြီး အနုပညာ ဆိုင်ရာ ပြန်ခန်းများလည်း ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ၊ တွေ့ဆုံပွဲ တက်ရောက်ကြသည့် နိုင်ငံ များ မှ လူငယ် များ က မိမိ နိုင်ငံ ၏ ယဉ်ကျေးမှု နှင့် အနုပညာဆိုင်ရာ စာတမ်းများ ဖတ်ကြားကြမည် ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံ အလိုက် အနုပညာရပ်ဆိုင်ရာ ပစ္စည်များ ကိုလည်း ခင်းကျင်းပြသရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.