Connect with us

Culture

ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဖြင့် စိန်ခေါ်မှုများ ကျော်လွှားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ပြောကြား

တရုတ် ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနား၌ တက်ရောက်လာသော ဧည်သည့်တော်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံ အကြားရှိ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့ စက်တင်ဘာ ၂၆ ရက်တွင် ပြုလုပ်သော တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ခြင်း ၆၇ နှစ်မြောက် ဂုဏ်ပြု အခမ်းအနားတွင် ပြောကြားခဲ့သည်။

ထိုစိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ် ပြောင်းလဲနိုင် မည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးက ပြောကြားခဲ့သည်။ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်သည် တရုတ်-မြန်မာဆက်ဆံရေး၏ အခြေခံဖြစ်ပြီး တရုတ်-မြန်မာဆက်ဆံရေးကို လမ်းညွှန်ဦးဆောင်မှုပေးကြောင်း ၊ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ထားပြီး နှစ်နိုင်ငံဆက်ဆံရေးသည် အလွန် ကောင်းမွန်စွာ တိုးတက် လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ထောက်ခံ အားပေးကြောင်း ၊ မြန်မာနိုင်ငံသည် မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကိုလျှောက်လှမ်းပြီး အောင်မြင်စေရန် တရုတ်နိုင်ငံမှ မျှော်လင့်ပါကြောင်း ၊ မြန်မာနိုင်ငံသည် ပိုပြီးနားလည်မှုရှိသည့်နည်းလမ်းဖြင့်် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးခြင်းကို တရုတ်နိုင်ငံသည်အားပေးထောက်ခံပြီး ၂၁ ရာစုပင်လုံညီလာခံအောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းကိုလည်းကြိုဆိုပါကြောင်း ၊ မြန်မာနိုင်ငံသည် ပြည်သူလူထုဘဝနေထိုင်မှုအဆင့်အတန်းကိုမြှင့်တင်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးနှင့်ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးတိုးတက်ခြင်းတို့ကို တရုတ်နိုင်ငံမှ အားပေးပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ထူထောင်ခဲ့ပြီး ယင်းနေ့ကို တရုတ်အမျိုးသားနေ့ဟု သတ်မှတ်ကြေညာခဲ့သည်။တရုတ် ပြည်သူ့ သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်နေ့က စတင် ထူထောင်ခဲ့သည်။ (Xinhua)