Connect with us

Culture

မြန်မာ နိုင်ငံ တွင် လူကြိုက်များသည့် တရုတ် ဂန္တဝင် ဇာတ်လမ်းတွဲများ အား မြန်မာဘာသာ နောက်ခံစကားပြော ဖြင့် ပြသ ပေးသွားမည်

“Memory of China” တရုတ် ဂန္တဝင် ဇာတ်ကား များ မြန်မာ နိုင်ငံ ရှိ ရုပ်သံလိုင်းများ တွင် စတင် ပြသမည့် အစီအစဉ် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

“Memory of China” တရုတ် ဂန္တဝင် ဇာတ်ကား များ မြန်မာ နိုင်ငံ ရှိ ရုပ်သံလိုင်းများ တွင် စတင် ပြသ မည့် ဖွင့်ပွဲ အခမ်းအနား အား စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ Wyndham Grand ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး “အနောက်ဖက် သို့ ခရီးသွားခြင်း” အပါအဝင် တရုတ် ဂန္တဝင် ဇာတ်လမ်းတွဲများ နှင့် မှတ်တမ်း ရုပ်ရှင်များ ကို ရုပ်သံလိုင်းများ ၌ စတင် ပြသ ပေးသွားမည် ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အခမ်းအနား ၌ အဖွင့် အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် ပြည်သူလူထု အကြား ချစ်ကြည်ရင်းနှီးမှု အတွက် ယဉ်ကျေးမှု ဖလှယ်နိုင်ရန် စီစဉ် ဆောင်ရွက်ပေး ခဲ့သည့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အား အထူးကျေးဇူးတင်ရှိကြောင်း ၊ ယခုကဲ့သို့ ယဉ်ကျေးမှု ဖလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပြီး ယင်းမှ တဆင့် နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၊ ယခု ပြသမည့် တရုတ် ဂန္တဝင် ရုပ်ရှင် အစီအစဉ် များ က နှစ်နိုင်ငံ ပြည်သူလူထု အကြား နီးစပ်မှု ပိုမို ရရှိနိုင်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

“Memory of China” တရုတ် ဂန္တဝင် ဇာတ်ကား များ မြန်မာ နိုင်ငံ ရှိ ရုပ်သံလိုင်းများ တွင် စတင် ပြသ မည့် ဖွင့်ပွဲ အခမ်းအနား တွင် အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အခမ်းအနား ၌ အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား ရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား ယဉ်ကျေးမှု ကူးလူးဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်း က နှစ်နိုင်ငံ ဆက်ဆံရေး ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ နှင့် ရပ်ဝန်း နှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်မှု နောက်ခံအောက် တွင် နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး ကို တွန်းအားပေး ဆောင်ရွက်လိုကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု စိတ်နှလုံးသားခြင်း ချိတ်ဆက်မှု အား အတူတကွ တွန်းအားပေး ဆောင်ရွက် သွားပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့် ကိုယ်စား ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က မိန့်ခွန်း ပြောကြား ရာတွင် ယခု ပြသမည့် တရုတ် ဇာတ်လမ်းတွဲများ က မြန်မာ ပြည်သူလူထု ၏ နှစ်သက်အားပေးမှု ရရှိမည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ဂန္တဝင် ဇာတ်ကား များ ကို မြန်မာ နိုင်ငံ ပြည်သူလူထု တို့ မှ နေ့စဉ် နှစ်ခြိုက်စွာ စောင့်ကြည့်ခဲ့ကြကြောင်း ၊ အများပြည်သူ အနေဖြင့် တရုတ် ရုပ်ရှင် ဇာတ်ကား များမှ တဆင့် တရုတ် လူမျိုးတို့ ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံ ကို ပိုမို သိရှိနိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု အတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် က မိန့်ခွန်း ပြောကြား နေစဉ်(ဆင်ဟွာ)

ထို့နောက် တွင် ဧည့်သည်တော် များ က “Memory of China” တရုတ် ဂန္တဝင် ဇာတ်ကား များ မြန်မာ နိုင်ငံ ရှိ ရုပ်သံလိုင်းများ တွင် စတင် ထုတ်လွှင့်မည့် အစီအစဉ် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး မြန်မာ နိုင်ငံ မှ အဆိုဝါသနာရှင်များ က “အနောက်ဖက်သို့ ခရီးသွားခြင်း” နှင့် “သုံးပြည်ထောင်ခေတ်” ဇာတ်လမ်းတွဲ ၏ ဇာတ်ဝင်တေးများကို သီဆိုဖျော်ဖြေခြင်း နှင့် အခြား ဖျော်ဖြေတင်ဆက်မှုများ ကို ပြုလုပ် ခဲ့ကြသည်။

“Memory of China” တရုတ် ဂန္တဝင် ဇာတ်ကား များ မြန်မာ နိုင်ငံ ရှိ ရုပ်သံလိုင်းများ တွင် စတင် ပြသ မည့် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန်မြို့ မှ အခမ်းအနား တက်ရောက် သည့် မပက်ထရစ်ရှာ က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြား ခဲ့ရာတွင် ယခုကဲ့သို့ အစီအစဉ်ပြုလုပ်ပေးခြင်း က အလွန်ကောင်းမွန်ကြောင်း ၊ မြန်မာ နိုင်ငံ တွင် တရုတ် ဇာတ်လမ်းတွဲ နှင့် ရုပ်ရှင်ကြည့်ရှုသည့် ပရိသတ် အလွန်များပြားကြောင်း ၊ မိမိ အနေဖြင့် လည်း ယခု ပြသမည့် တရုတ် ဂန္တဝင် ဇာတ်ကား များ ကြည့်ရှု၍ ကြီးပြင်း လာခဲ့ခြင်း ဖြစ်ပြီး ယခု တွင် မြန်မာ ဘာသာနောက်ခံစကား ပြောဖြင့် ပြသသွားမည် ဖြစ်သောကြောင့် ပရိသတ်များ အတွက် ကြည့်ရှုရန် ပိုမို လွယ်ကူစေမည် ဖြစ်ကြောင်း ၊ ယခု ကဲ့သို့ အစီအစဉ် ပြုလုပ်ပေးခြင်း က တရုတ် နိုင်ငံ ၏ ရိုးရာဓလေ့ ကို ပိုမို သိရှိ နားလည် နိုင်စေမည် ဖြစ်ပြီး နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အတွက် အထောက်အကူလည်း ဖြစ်သောကြောင့် ရှေ့ဆက် အလားတူ တရုတ် ဇာတ်ကား များ ပိုမို ပြသပေးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်မြို့ မှ အခမ်းအနား တက်ရောက် ခဲ့သည့် မပက်ထရစ်ရှာ က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

မန္တလေး မြို့ မှ ဦးထိုက်လွင်ကို က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

မန္တလေး မြို့ မှ ဦးထိုက်လွင်ကို က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားခဲ့ရာတွင် မိမိ တို့ ငယ်စဉ်ချိန် က ကြည့်ခဲ့ဖူးသော တရုတ် ဂန္တဝင် ရုပ်ရှင် ဇာတ်လမ်းတွဲ ဖြစ်သည့် “အနောက်ဖက်သို့ ခရီးသွားခြင်း” အား မြန်မာ ဘာသာ နောက်ခံ စကားပြောဖြင့် ပြန်လည် ကြည့်ရှုခွင့် ရမည် ဖြစ်သောကြောင့် မိမိ အတွက် အသစ်အဆန်း တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ ယခု ကဲ့သို့ အစီအစဉ် ပြုလုပ်ပေးခြင်း က မြန်မာ-တရုတ် နှစ်နိုင်ငံ ပြည်သူလူထု တို့၏ အပြန်အလှန် နာလည်းမှု ကို တိုးမြှင့်ပေး နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ အကြား ချစ်ကြည်ရေး ကိုလည်း ပိုမို ခိုင်မြဲ နိုင်စေမည် ဖြစ်ကြောင်း ၊ ထို့ပြင် ယခု အစီအစဉ် က မြန်မာ နိုင်ငံ ရုပ်ရှင်လောက အတွက် များစွာ အကျိုးသက်ရောက်မှု ဖြစ်စေမည် ဖြစ်ပြီး တရုတ် နိုင်ငံ ၏ ရုပ်ရှင် ရိုက်ကူးမှု အတွေ့အကြုံများ ကိုလည်း လေ့လာသင်ယူ နိုင်မည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပူးပေါင်း၍ မြန်မာ နိုင်ငံ ၏ အကြောင်းအရာ များအား အတူတကွ ရိုက်ကူး ကာ တရုတ် နိုင်ငံ ပြည်သူထူထု အား မိတ်ဆက်ပေးနိုင်ပါ က နှစ်နိုင်ငံ ချစ်ကြည်ရေး နှင့် ယဉ်ကျေးမှု ဖလှယ်ရေး အတွက် များစွာ သက်ရောက်မှု ရှိစေမည် ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။

“Memory of China” တရုတ် ဂန္တဝင် ဇာတ်ကား များ မြန်မာ နိုင်ငံ ရှိ ရုပ်သံလိုင်းများ တွင် စတင် ထုတ်လွှင့်မည့် အစီအစဉ် အား မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ China Radio International ၊ Sky Net နှင့် ယူနန်ပြည်နယ် တယ်ဟုန် ရုပ်မြင်သံကြား တို့မှ ပူးပေါင်း ဦးစီးဆောင်ရွက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ဇာတ်လမ်းတွဲ ပြသသည့် အစီအစဉ် တွင် “အနောက်ဖက် သို့ ခရီးသွားခြင်း” ၊ “သုံးပြည်ထောင်ခေတ်” နှင့် “ဟောရှီး-စြင်္က ံ စသည့် တရုတ် ဂန္တဝင် ဝတ္တူဇာတ်လမ်းတွဲများ အပါအဝင် ဂန္တဝင်ဇာတ်လမ်းတွဲများ နှင့် မှတ်တမ်းရုပ်ရှင် ၁၀ ခု ကို မြန်မာ ဘာသာ နောက်ခံ စကားပြော (သို့မဟုတ်) မြန်မာ ဘာသာ စာတန်းထိုးဖြင့် SkyNet World Drama Channel ၊ Knowledge Channel ၊ Asia Movie Channel နှင့် MRTV Entertainment တို့တွင် ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.