Connect with us

Culture

လန်ချန်း-မဲခေါင် ဒေသတွင်းရှိ ယဉ်ကျေးမှု အမွေအနှစ်များ စီမံခန့်ခွဲရေး နှင့် ပတ်သက်၍ ဒေသတွင်း နိုင်ငံ ၆ နိုင်ငံ မှ ပညာရှင်များ က ပုဂံမြို့တွင် တွေ့ဆုံဆွေးနွေး

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ပုဂံ ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်း အချိန်တွင် ပုဂံမြို့ ၊ ပုဂံဟိုတယ်ရှိ အစည်းအဝေး ခန်းမတွင် စတင် ကျင်းပ ပြုလုပ်ခဲ့ပြီး ဒေသတွင်း နိုင်ငံ ၆ နိုင်ငံ မှ ပညာရှင်များ က ယဉ်ကျေးမှု အမွေအနှစ် စီမံခန့်ခွဲမှု ဆိုင်ရာ သဘောထား အမြင်များ အား ဆွေးနွေး ခဲ့ကြသည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို ၊ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ၊ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဝင်းဇေယျာထွန်း နှင့် အစိုးရ အဖွဲ့ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ လန်ချန်း-မဲခေါင် ဒေသတွင်း ရှိ နိုင်ငံ အသီးသီး မှ မြန်မာ နိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများ နှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တို့ က ဖွင့်ပွဲ အခမ်းအနား ကို တက်ရောက် ခဲ့ကြသည်။

စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က အဖွင့် မိန့်ခွန်း ပြောကြားရာတွင် ယဉ်ကျေးမှု အမွေအနှစ်များအား ပြုပြင်ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း နှင့် အဆင့်မြှင့်တင်ခြင်း တို့ က နိုင်ငံ နှင့် လူမျိုးတို့အတွက် ပဓာနကျသော အရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ကြောင်း ၊ မဲခေါင် မိသားစု နိုင်ငံများ က မတူခြားနားသော အမွေအနှစ်များ နှင့် တန်ဖိုးမဖြတ် နိုင်သော ယဉ်ကျေးမှု အမွေအနှစ်များ ပိုင်ဆိုင် ကြကြောင်း ၊ ဒေသတွင်း မျိုးဆက်သစ်များ အတွက် အမွေအနှစ် နေရာဒေသများ အား ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း က လွန်စွာ အရေးပါကြောင်း ၊ ယဉ်ကျေးမှု အမွေအနှစ်ဒေသများအား ထိန်းသိမ်းကာကွယ်ခြင်း နှင့် ခရီးသွား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အကြား ဟန်ချက်ညီအောင် ထိန်းသိမ်း စီမံ ဆောင်ရွက်ရန် လိုအပ်ကြောင်း ၊ တရုတ် နိုင်ငံ က စီမံကိန်း ဆောင်ရွက်ရန် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေ အား ကူညီထောက်ပံ့ပေးခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က အဖွင့် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့် မိန့်ခွန်း ပြောကြား ရာတွင် လန်ချန်း-မဲခေါင် ဒေသတွင်း ရှိ ပြည်သူလူထုများ အကြား နက်ရှိုင်းသည့် ချစ်ကြည်ဆက်ဆံရေး တည်ရှိကြကြောင်း ၊ တရုတ် နိုင်ငံ အစိုးရ က ဒေသတွင်း နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု ၊ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု နှင့် တည်ငြိမ်အေးချမ်းရေး အတွက် အထူးရန်ပုံငွေ တစ်ရပ် အား ထူထောင်ပေးခဲ့ကြောင်း ၊ လတ်တလော ကာလ အတွင်း အထူးရန်ပုံငွေ ဖြင့် ဒုတိယ အကြိမ်မြောက် စီမံကိန်း ပေါင်း ၁၉ ခု ဆောင်ရွက်ရန် အတွက် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ တို့ က ပူးပေါင်းဆောင်ရွက်ရန် စာချုပ်ချုပ်ဆို ခဲ့ကြောင်း ၊ ယနေ့ ပြုလုပ်မည့် အလုပ်ရုံ ဆွေးနွေးပွဲ သည်လည်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ဖြင့် ဆောင်ရွက်သည့် အရေးပါသော ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ ယဉ်ကျေးမှု အမွေအနှစ်များ အား နှစ်နိုင်ငံ အတူတကွ ထိန်းသိမ်းစောင့်ရှောက်ခြင်း သည် တရုတ်-မြန်မာ နှစ်နိုင်ငံ ခေတ်သစ်ပိုးလမ်းမကြီး နှင့် နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ အတူတကွ တည်ဆောက်ရေး တွင် အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ ၏ ရှေးဟောင်း ယဉ်ကျေးမှု ပြုပြင် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ကဏ္ဍ တွင် အစွမ်းကုန် ကူညီမှု များ ပြုလုပ်ပေး သွားမည် ဖြစ်ပြီး ၎င်းယဉ်ကျေးမှု အမွေအနှစ်များ က နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ဆက်ဆံရေး နှင့် ပြည်သူလူထု အကြား နှစ်လုံးသားချင်း ချိတ်ဆက်မှု ၏ အမှတ် သင်္ကေတ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့် မိန့်ခွန်း ပြောကြား ပြောကြားနေစဉ်(ဆင်ဟွာ)

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က အဖွင့် အမှာစကား ပြောကြားရာတွင် မြန်မာ နိုင်ငံ သည် ယဉ်ကျေးမှု အမွေအနှစ် ပေါ်ကြွယ်ဝသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ကြောင်း ၊ လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းဖြင့် အနာဂတ် မျိုးဆက်များ အတွက် ယဉ်ကျေးမှု အမွေအနှစ်များ အား ထိန်းသိမ်းစောင့်ရှောက် ပေးသွားရမည် ဖြစ်ကြောင်း ၊ ယနေ့ ပြုလုပ်မည့် ဆွေးနွေးပွဲ သည် ဒေသတွင်း နိုင်ငံ များ မှ အမွေအနှစ် ထိန်းသိမ်းရေး အတွက် အနီးကပ် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု ၏ စံနမူနာ ကောင်းတစ်ခု ဖြစ်ကြောင်း ၊ ဆွေးနွေးပွဲ က ဒေသတွင်း နိုင်ငံများ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အတွက် အထောက်အကူဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က အဖွင့် အမှာစကား ပြောကြားရာတွင် လန်ချန်း-မဲခေါင် ဒေသတွင်း အဖွဲ့ဝင် နိုင်ငံ အသီးသီး တွင် လှပခန့်ညား သော ယဉ်ကျေးမှု အမွေအနှစ် အသီးသီး တည်ရှိကြကြောင်း ၊ ယခုကဲ့သို့သော အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခြင်းသည် ယဉ်ကျေးမှုများ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင် အတွက် များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို က အဖွင့် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဝင်းဇေယျာထွန်း က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ၂၀၁၈ ခုနှစ် တွင် ကမ္ဘောဒီးယား နိုင်ငံ ၌ ဒုတိယ အကြိမ်မြောက် လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေး ကို ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ နှင့် အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များ က အတူတကွ အနာဂတ် ၅ နှစ် ပူးပေါင်းဆောင်ရွက်မှု အတွက် လမ်းညွှန်မှုများ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း ၊ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု က လတ်တလော နှစ်ပိုင်း အတွင်း အလျင်မြန်ဆုံး နှင့် ထိရောက်မှု အရှိဆုံး ပူးပေါင်းဆောင်ရွက်မှု တစ်ခု ဖြစ်လာခဲ့ကြောင်း ၊ ယခု ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တွင် ဒေသတွင်း နိုင်ငံများ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းခြင်း ဆိုင်ရာ အတွေ့အကြုံ ဗဟုသုတ များအား ဖလှယ်ခြင်းဖြင့် ဒေသတွင်း နိုင်ငံများ ယဉ်ကျေးမှု ထိန်းသိမ်းရေး အတွက် အထောက်အကူ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ဝင်းဇေယျာထွန်း က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများရှိ အမွေအနှစ်ဒေသများ စီမံခန့်ခွဲရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ဆွေးနွေးပွဲ သို့ အဖွဲ့ဝင်များ ဖြစ်ကြသည့် တရုတ် ၊ မြန်မာ ၊ ကမ္ဘောဒီးယား ၊ လာအို ၊ ထိုင်း နှင့် ဗီယက်နမ် စသည် နိုင်ငံ များမှ ပညာရှင် ကိုယ်စားလှယ် အဖွဲ့ တို့ က တက်ရောက် ကြကြောင်း ၊ ဆွေးနွေးပွဲ မစတင်မီ ဖေဖော်ဝါရီ ၁၉ ရက် ၌ ဒေသတွင်း နိုင်ငံ အသီးသီး မှ ကိုယ်စားလှယ် အဖွဲ့ တို့က ပုဂံမြို့ ရှိ နာမည်ကျော် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ အား ကိုယ်တိုင်သွားရောက် လေ့လာ ကြည့်ရှု ခဲ့ကြကြောင်း ၊ ဆွေးနွေးပွဲ အတွင်း ကိုယ်စားလှယ် အဖွဲ့ တို့ မှ ယဉ်ကျေးမှု ကာကွယ် ထိန်းသိမ်းခြင်း ဆိုင်ရာ သဘောထားအမြင်များအား တင်ပြဆွေးနွေးသွားမည် ဖြစ်ပြီး အတွေ့အကြုံများအား ဖလှယ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.