Connect with us

Economy

မွန်ပြည်နယ် သာမက နိုင်ငံ ဓာတ်အား အတွက် အထောက်အကူ ဖြစ်စေမည့် သထုံ သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ လည်ပတ်မှု စတင်


သထုံ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် အတွက် သာမက နိုင်ငံတော် ဓာတ်အား စနစ် အတွက် အထောက်အကူ ဖြစ်စေမည့် သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေသုံး ဓာတ်အားပေး စက်ရုံ လည်ပတ်မှုအား ယနေ့ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က စက်ရုံ၏ ဓာတ်အားများသည် နိုင်ငံတော် ဓာတ်အား စနစ်ထဲ ဝင်သကဲ့သို့မွန်ပြည်နယ်၏ လိုအပ်ချက်ကိုလည်း ဖူဖူလုံလုံ ပေးနိုင်မည် ဖြစ်သည့် အပြင် ကရင် ပြည်နယ် ဓာတ်အား လိုအပ်ချက်ကို လည်း ဖြည့်ပေးနိုင်မည် ဖြစ်ကြောင်း ယနေ့ပြုလုပ်သော ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေသုံး ဓာတ်အားပေး စက်ရုံအား တွေ့ရစဉ်(ဆင်ဟွာ)

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေသုံး ဓာတ်အားပေး စက်ရုံသည် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ၊ လျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းသည် ကမ္ဘာ့ဘဏ်၏ ချေးငွေဖြင့် ဆောင်ရွက်ခဲ့ဲခြင်း ဖြစ်ပြီး စက်ရုံအား တရုတ် နိုင်ငံ China Engineering Energy Co.,Ltd(CEEC) က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသည့် ဓာတ်အားကို စစ်တောင်း-သထုံ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၊ သထုံ – မော်လမြိုင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တို့ဖြင့် ချိတ်ဆက်ကာ နိုင်ငံတော် ဓာတ်အား စနစ်ထဲသို့ပို့မည် ဖြစ်ကြောင်း သိရသည်။သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အဆိုပါ စီမံကိန်းသည် ပြည်သူ/သားများ အတွက် ထိထိမိမိဖြင့် အကျိုးရှိသည့် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေသုံး ဓာတ်အားပေး စက်ရုံအား တွေ့ရစဉ်(ဆင်ဟွာ)

ယခု အခါတွင် စက်ရုံမှ ဓာတ်အား ထုတ်လုပ် လည်ပတ်နိုင်ပြီ ဖြစ်သဖြင့် စက်ရုံ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ အိမ်ခြေ ၁၂၀၀ ကျော်အား လျှပ်စစ်မီး တိုးတက် ရရှိသုံးစွဲနိုင်စေရန် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။သထုံ သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတွင် လက်ထောက် အင်ဂျင်နီယာ အဖြစ် တာဝန် ထမ်းဆောင်နေသော ဒေသခံ ဖြစ်သူ ဒေါ်နုနုဝေက ယခုနောက်ပိုင်းတွင် လျှပ်စစ် ဓာတ်အားများ ပို၍ ထုတ်လုပ်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း ၊ စက်ရုံ တည်ဆောက်မှုမှာလည်း နည်းပညာများ တိုးတက် မြင့်မားလာပြီး ယခုကဲ့သို့ပါဝင် လုပ်ဆောင်ရသည့် အတွက် ဝမ်းသာမိကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေသုံး ဓာတ်အားပေး စက်ရုံအား တွေ့ရစဉ်(ဆင်ဟွာ)

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၀ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသီဟက “ စီမံကိန်းကြောင့် မွန်ပြည်နယ်မှာ အများကြီး အကျိုးရှိပါတယ်။မွန်ပြည်နယ်မှာက စက်မှု/လက်မှု လုပ်ငန်းတွေလဲ အများကြီး ဖွံ့ဖြိုး တိုးတက်လာတယ်။ အရင်တုန်းကဆိုရင် မီးအားက မလုံမလောက်နဲ့ဖြစ်နေတဲ့ အတွက်ကြောင့် ဌာန ဆိုင်ရာတွေလဲ အခက်အခဲ ဖြစ်သလို ပြည်သူလူထုတွေလဲ အများကြီး အခက်အခဲ ဖြစ်တာပေါ့။အခုနောက်ပိုင်းကြတော့ စက်ရုံတွေ ထောင်လိုက်တဲ့ အတွက် ပြည်သူလူထုရဲ့အခက်အခဲတွေ အများကြီး ဖြေလျော့သွားတာပေါ့။တစ်ပိုင်တစ်နိုင် စက်မှု လုပ်ငန်းတွေလဲ ပိုပြီး လုပ်လို့အဆင်ပြေလာပါတယ်။ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလဲ ပိုပြီးတော့ အောင်မြင်လာပါတယ်။”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

စက်ရုံ အနီး ပတ်ဝန်းကျင်ရှိ ထောင်မှူး ကျေးရွာ အုပ်စုမှ ဒေသခံ တစ်ဦးက လျှပ်စစ်မီး အပြည့်အ၀ ရရှိလာသည့် အတွက် ကျေးရွာ ပြည်သူလူထုတွေ အတွက် များစွာ တိုးတက်မှုများ ဖြစ်လာခဲ့ကြောင်း ၊ စားဝတ်နေရေး ၊ မိသားစု အိမ်တွင်း လုပ်ငန်းများတွင် ပို၍ ကောင်းမွန်လာပြီး ကျေးရွာ ဖွံ့ဖြိုး တိုးတက်မှု များစွာ ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

သထုံ သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံကြောင့် ဒေသခံ ပြည်သူများ ရာနှုန်းပြည့် နီးပါး မီးလင်း လာခဲ့ကြောင်း ၊ ယခင်က ကိုယ်ထူကိုယ်ထ စနစ်ဖြင့် မီးလင်းရန် ဆောင်ရွက်ခဲ့ရပြီး ယခုအခါ စက်ရုံ၏ အကျိူးကျေးဇူးကြောင့် အိမ်တိုင်း လျှပ်စစ် မီး အပြည့်အ၀ မီးရရှိခဲ့ကြောင်း ဒူးရင်းဆိပ် ကျေးရွာ အုပ်စု ၊ ကြာပန်း ကျေးရွာနေ ဦးခွန်စောပုက ပြောကြားခဲ့သည်။

ယခုအခါတွင် မွန်ပြည်နယ်၌ လျှပ်စစ် ဓာတ်အား ရရှိမှု အခြေအနေမှာ ၅၁ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၅၅ ရာခိုင်နှုန်း အထက် ရရှိရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။နိုင်ငံ အနေဖြင့်လည်း ယခု နှစ်ကုန်ပိုင်းတွင် နိုင်ငံ၏ ထက်ဝက်ခန့်အား မဟာ ဓာတ်အားလိုင်း စနစ်မှ ရရှိအောင် ကြိုးစား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)