Connect with us

Economy

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ စတင် ဖွင့်လှစ် လည်ပတ်


သထုံ ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ၊ သထုံမြို့ရှိ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံအား ယနေ့ဧပြီ ၅ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်း ဖြစ်မြောက်ရေး အတွက် အတော်များများက ပါဝင်ပြီး ကူညီပေးခဲ့ခြင်း ဖြစ်ပြီး China Engineering Energy Co.,Ltd လည်း ပါဝင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။နိုင်ငံ တစ်နိုင်ငံ တည်ငြိမ် အေးချမ်းရေး အတွက် ဖွံ့ဖြိုး တိုးတက်ရေးသည် အင်မတန် အရေးကြီးကြောင်း ၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝိုင်းဝန်း ပံ့ပိုးပေးကြသည့် အဖွဲ့အစည်းများ နှင့် နိုင်ငံများ ၊ မိတ်ဆွေ နိုင်ငံများကို ကျေးဇူးတင်ကြောင်း ၊ လျှပ်စစ် ဓာတ်အား ရရှိရေး သာမက အဘက်ဘက်တွင် နိုင်ငံ တိုးတက်ရေး အတွက် ကူညီပေးနေသည့် အဖွဲ့အစည်းများ ၊ နိုင်ငံများကို ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

“အခု ဒီလို လျှပ်စစ် ဓာတ်အားပေး စက်ရုံတွေလို ၊ လျှပ်စစ်မီး ရရှိရေး လုပ်တဲ့ လုပ်ငန်းတွေလို ခြေလှမ်းတွေဟာ နိုင်ငံသူ/သားတွေရဲ့အရည်အချင်းတွေကို မြှင့်တင်ပေးဖို့ဦးတည်ပြီး လုပ်ဆောင် နေတာ ဖြစ်ပါတယ်”ဟု၎င်းက ပြောကြားခဲ့သည်။နိုင်ငံ၏ အဓိက လိုအပ်ချက် ဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး ၊ လျှပ်စစ်မီး ရရှိရေးကို အစိုးရက အထူး အလေးပေ ဆောင်ရွက်နေပြီး ပြည်သူလူထု၏ အရည်အချင်းများ တစ်နေ့ထက် တစ်နေ့ ပို၍ တိုးတက်လာလိမ့်မည်ဟု ယုံကြည်သကဲ့သို့နိုင်ငံ၏ ဖွံ့ဖြိုးရေး အင်အားသည် တစ်နေ့ထက် တစ်နေ့ပို၍ တက်လာမည်ဟု ယုံကြည်ကြောင်း ၊ မိမိတို့ယုံကြည်ချက် အတိုင်း အားလုံးက ဝိုင်းဝန်းပြီး ပူးတွဲ၍ လက်တွဲ စွမ်းဆောင်ပေးမည်ဟု မျှော်လင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က နောက်ပိုင်းတွင် စက်ရုံ၏ ဓာတ်အားများသည် နိုင်ငံတော် ဓာတ်အား စနစ်ထဲ ဝင်သကဲ့သို့မွန်ပြည်နယ်၏ လိုအပ်ချက်ကိုလည်း ဖူဖူလုံလုံ ပေးနိုင်မည် ဖြစ်သည့် အပြင် ကရင် ပြည်နယ် ဓာတ်အား လိုအပ်ချက်ကို လည်း ဖြည့်ပေးနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

သထုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ကျေးဇူးတင် စကား ပြန်လည် ပြောကြားနေစဉ်(ဆင်ဟွာ)

ဓာတ်အားပေး စက်ရုံ ပေါ်လာသည့် အတွက် ဓာတ်အားပေး စက်ရုံ ပတ်ဝန်းကျင်ရှိ မီးမရရှိသေးသည့် အိမ်ခြေ ၄၀၀ ကိုလည်း ဓာတ်အား ပေးသွားရန် ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း ၊ ထိုပြင် အိမ်ခြေ ၁၂၂၀ ကိုလည်း ထပ်မံ တိုးချဲ့ပေးသွားရန် ရှိကြောင်း ၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာ ရာခိုင်နှုန်း အများအပြား မကြာမီတွင် လျှပ်စစ် ဓာတ်အား ရရှိတော့မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ယခု စီမံကိန်းသည် ကမ္ဘာ့ဘဏ်၏ ငွေကြေးကို ချေးယူပြီး ဆောင်ရွက်သည့် လုပ်ငန်း ဖြစ်ပြီး ကမ္ဘာ့ဘဏ်၏ အစီအစဉ်ဖြင့် စက်ရုံ တည်ဆောက်ရန် တင်ဒါ ခေါ်ယူကာ China Engineering Energy Co.,Ltd က တင်ဒါ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသည့် ဓာတ်အားကို စစ်တောင်း-သထုံ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၊ သထုံ – မော်လမြိုင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တို့ဖြင့် ချိတ်ဆက်ကာ နိုင်ငံတော် ဓာတ်အား စနစ်ထဲသို့ပို့မည် ဖြစ်ကြောင်း သိရသည်။

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ်(ဆင်ဟွာ)

ဖွင့်ပွဲအခမ်းအနားတွင် သထုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ယခုအခါတွင် မိမိတို့မြို့နယ်တွင် လုံလောက်သော လျှပ်စစ် ဓာတ်အား ရရှိတော့မည် ဖြစ်သည့် အတွက် ဝမ်းမြောက်မိကြောင်း ၊ ထို့အပြင် စက်ရုံ အနီးရှိ ကျေးရွာများတွင် ဓာတ်အားခွဲရုံများ တည်ဆောက်ပြီး လျှပ်စစ်မီး သုံးစွဲနိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်၍ အထူး ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

သထုံ ၁၁၈.၉ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ ဖွင့်လှစ်သည့် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင် နှင့် တာဝန်ရှိသူများက စက်ရုံ ကမ္ပည်း ကျောက်စာအား စက်ခလုပ်နှိပ် ဖွင့်လှစ်ခြင်းများကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့သည်။ယခုအခါတွင် မွန်ပြည်နယ်၌ မြို့ပေါင်း ၁၄ မြို ၊ ကျေးရွာပေါင်း ၈၃၀ ၊ အိမ်ထောင်စုပေါင်း ၂၁၆၂၈၃ ယနေ့ထိ ၅၁ ရာခိုင်နှုန်း လျှပ်စစ် ဓာတ်အား ရရှိပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)