Connect with us

Economy

မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်း(Myanmar-China Business Association-MCBA) တရားဝင် စတင်ဖွင့်လှစ်

မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်း (Myanmar-China Business Association-MCBA) ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၀ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်း (Myanmar-China Business Association-MCBA) ဖွင့်ပွဲ အခမ်းအနား ကို မေလ ၂၀ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး အိမ်တော် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး တရားဝင် စတင်ဖွင့်လှစ်ပေး ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က ဖွင့်ပွဲ အခမ်းအနား ၌ အမှာစကား ပြောကြားရာတွင် ယခင်နှစ် ၌ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး က မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်း(MCBA) ဖွဲ့စည်းရန် အဆိုပြုခဲ့ပြီး အဖွဲ့ဝင်များ ၏ တက်ကြွစွာ ပါဝင်မှု ကို ရရှိ ခဲ့ကာ မြန်မာ နိုင်ငံ အစိုးရ ၏ ခွင့်ပြုချက် ကိုလည်း အချိန်တို အတွင်း ရရှိခဲ့ကြောင်း ၊ လက်ရှိချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ က ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road) အတူတကွ တည်ဆောက်ရေး တွင် တက်ကြွစွာ ဆောင်ရွက်နေကြပြီး နှစ်နိုင်ငံ စီးပွားရေး စြင်္က ံ တည်ဆောက်ရေး ကိုလည်း စတင် နိုင်ခဲ့ကြောင်း ၊ မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်း ထူထောင်ခြင်း က နှစ်နိုင်ငံ အစိုးရ နှင့် စက်မှုလက်မှု ကဏ္ဍ ၏ ဘုံရည်မှန်းချက် နှင့် မျှော်လင့်ချက် ဖြစ်ကြောင်း ၊ MCBA အား စွမ်းဆောင်ရည် အားကောင်းအောင် ဆောင်ရွက်ပြီး လုပ်ငန်းအစီအစဉ်များ ရေးဆွဲ ကာ ထိရောက်သည့် ရလာဒ်ကောင်းများ မြန်ဆန်စွာ ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ၊ MCBA က နှစ်နိုင်ငံ အစိုးရ နှင့် စက်မှုလက်မှု ကဏ္ဍ ၏ အရေးပါသည့် ပေါင်းကူးတံတား ဖြစ်လာစေရန်လည်း မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က ဖွင့်ပွဲ အခမ်းအနား ၌ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းမြင့် ကိုယ်စား ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းမြင့် ကိုယ်စား ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက အမှာစကား ပြောကြားရာတွင် ယခု အသစ် ထူထောင်လိုက်သည့် MCBA အား မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နှင့် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း (CECCM) တို့မှ အတူတကွ ပူးပေါင်း၍ ထူထောင်ခဲ့ခြင်း ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား အပြန်အလှန် ကုန်သွယ်မှု နှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှု တို့ကို မြှင့်တင်စေရန် နှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်နိုင်ရန် အတွက် ရည်ရွယ်၍ MCBA အား ထူထောင်ထားခြင်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ၏ အဓိက ကုန်သွယ်ဘက် နိုင်ငံ ဖြစ်ပြီး မြန်မာ နိုင်ငံ တွင် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး ) အရ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လာမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အကြား ကုန်သွယ်မှု မှာ နှစ်စဉ် တိုးတက်လျက် ရှိပြီး တရုတ် နိုင်ငံ သို့ အလားအလာ ရှိသော ကုန်စည်များ တင်ပို့သွားရန် ဆွေးနွေးမှုများလည်း ဆောင်ရွက်နေကြောင်း ၊ MCBA က မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်နိုင်ရန် ဆုမွန်ကောင်းတောင်းကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ကအမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ်ပိုးလမ်းမကြီး ) တွင် မြန်မာ နိုင်ငံ က အရေးပါသည့် အခန်းကဏ္ဍ တွင် ပါဝင်နေပြီး မြန်မာ နိုင်ငံ အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေး တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ အတူတကွ တည်ဆောက်ရေး တိုးတက်လာခြင်း နှင့် အညီ လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများ တွင် ဘက်စုံကဏ္ဍစုံ တိုးတက်ဖွံ့ဖြိုးမှုများ ရရှိနိုင်မည် ကို ယုံကြည်ကြောင်း ၊ နှစ်နိုင်ငံ အကြား ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ရန် အတွက် ကုန်သည်များ အကြား နားလည်မှု ပိုမို ရရှိနိုင်စေရန် အတွက် MCBA အား ထူထောင် ခဲ့ခြင်း ဖြစ်ကြောင်း ၊ MCBA ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် UMFCCI မှ အစွမ်းကုန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း (CECCM) ဥက္ကဋ္ဌ လျိုယင် (Liu Ying) က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

CECCM ဥက္ကဋ္ဌ လျိုယင် (Liu Ying) က MCBA သည် တရုတ်-မြန်မာ နှစ်နိုင်ငံ အစိုးရ တို့မှ ထောက်ခံအားပေး သည့် အရေးပါသော ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း တစ်ခု ဖြစ်လာမည် ဖြစ်ကြောင်း ၊ MCBA အနေဖြင့် နှစ်နိုင်ငံ အစိုးရ ၏ ဦးဆောင်မှု အောက်တွင် နှစ်နိုင်ငံ ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု အတွက် ပိုမိုကြိုးပမ်းဆောင်ရွက်သွားပြီး နှစ်နိုင်ငံ စီးပွားရေး ဖလှယ်မှု ဆိုင်ရာ အရေးပါသည့် ပေါင်းကူးတံတား အဖြစ်သို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ကုန်သည်ကြီးများ အသင်း (MCBA) အား UMFCCI မှ ကိုယ်စားလှယ် (၄) ဦး ၊ ကဏ္ဍပေါင်းစုံ ကိုယ်စားပြု လုပ်ငန်းရှင် (၁၂) နှင့် CECCM မှ ကိုယ်စားလှယ် (၁၆) ဦး တိုးဖြင့် ဖွဲ့စည်းထားကြောင်း ၊ ယင်းအသင်းထူထောင်ရန် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ အဆိုပြု ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက် တွင် မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တွင် မှတ်ပုံတင်ထားခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)