Connect with us

Economy

မြန်မာ-တရုတ် RMB ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ မိတ်ဆက် ဆွေးနွေး 

မြန်မာ-တရုတ် RMB ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ မိတ်ဆက် ဆွေးနွေးပွဲ ကျင်းပစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

မြန်မာ-တရုတ် RMB ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ မိတ်ဆက် ဆွေးနွေးပွဲအား ရန်ကုန်မြို ့အခြေစိုက် Industrial and Commercial Bank of China Limited (ICBC) နှင့် မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)တို့ ပူးပေါင်း၍ ယနေ့စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို ့၌ ကျင်းပ ခဲ့သည်။

ဆွေးနွေးပွဲတွင် ICBC ၏ တာဝန်ရှိပုဂ္ဂိလ်များက မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား တရားဝင် ကုန်သွယ်မှု အတွက် တရုတ်ငွေ (ယွမ် – RMB) သုံးစွဲမှု ဆိုင်ရာ ဝန်ဆောင်မှုများ ၊ စည်းမျဉ်းစည်းကမ်း မူဝါဒများ ၊ Clients များ၏ လိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရေး ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဆွေးနွေးပွဲတွင် အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က UMFCCI အနေဖြင့် စီစဉ်ရသည့် အဓိက ရည်ရွယ်ချက်တွင် မြန်မာနိုင်ငံ နှင့် အဓိက ကုန်သွယ်ဘက် နိုင်ငံ ဖြစ်သည့် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ အကြားတွင် ကုန်သွယ်ရေး လုပ်ငန်းများ ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို စနစ်တကျ တိုးချဲ ့နိုင်ရေး အတွက် လိုအပ်သည့် Project Financing ၊ Trade Financing စသဖြင့် Financing ကိစ္စများတွင် တရုတ် နိုင်ငံ၏ ထိပ်တန်းဘဏ်လည်း ဖြစ်ပြီး မြန်မာနိုင်ငံ၌လည်း လာရောက် ဖွင့်လှစ်ထားသည့် ဘဏ်လည်း ဖြစ်သည့် ယခုလို ဘဏ်ကြီးမှ ဝန်ဆောင်မှု လုပ်ငန်းများကို ရယူနိုင်မည် ၊ မြန်မာ exporter ၊ ကုမ္ပဏီများ၏ Banker အဖြစ် ယခုလို ဘဏ်ကြီးအား ရွေးချယ်နိုင်မည် ဆိုလျှင် အားလုံး အတွက် အကျိုးရှိမည့် အနေအထား ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

“ကမ္ဘာ့အကြီးဆုံး ဘဏ်ကြီးက မြန်မာနိုင်ငံမှာ လာရောက်ပြီးတော့ ဘဏ်ခွဲ ဖွင့်လှစ်ထားတာကို မြန်မာ လုပ်ငန်းရှင် တွေ သတိပြုမိပြီးတော့မှ ဒီလိုဘဏ်ကြီးနဲ့ချိတ်ဆက်နိုင်မယ် ဆိုရင် ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ရရှိမယ်လို့ကျွန်တော်တို့အနေနဲ့မျှော်လင့်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

 ရန်ကုန်မြို ့အခြေစိုက် ICBC ဘဏ်၏ CEO မစ္စတာ He Bi Qing က အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

မြန်မာ-တရုတ် RMB ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများ မိတ်ဆက် ဆွေးနွေးပွဲ ကျင်းပစဉ် (ဆင်ဟွာ) 

ရန်ကုန်မြို ့အခြေစိုက် Industrial and Commercial Bank of China Limited (ICBC) ၏ CEO မစ္စတာ He Bi Qing က ယနေ့တွင် မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံတို့တွင်  ဘဏ္ဍာရေး လိုအပ်ချက် အမျိုးအစားများ အားလုံးကို လွယ်ကူချောမွေ့စေရေး နှင့် ကုန်ကျမှု အနည်းငယ်ဖြင့် သက်ရောက်မှု များစွာ ရှိသော ငွေကြေး ဖလှယ်မှုတို့ကို အဓိကထား၍ တရုတ်-မြန်မာ ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှု အသစ်အား မိတ်ဆက်ပေးသွားမည် ဖြစ်ကြောင်း ၊ ICBC ဘဏ်သည် အနာဂတ်တွင် ပထမဆုံး ဦးစားပေး ရွေးချယ်နိုင်သည့် နိုင်ငံခြားဘဏ်အဖြစ် ရှိနေမည် ဖြစ်ကာ ပြည်တွင်း ကုမ္ပဏီများ အတွက် ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှု အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပြီး မြန်မာလူမှု ပတ်ဝန်းကျင် အတွက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံရှိ မိတ်ဆွေများ နှင့် ပူးပေါင်းကာ မြန်မာ-တရုတ် ဆက်ဆံရေးကို မြှင့်တင်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင် ရှင်းလင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ရန်ကုန်မြို ့အခြေစိုက် ICBC ဘဏ်မှ ဦးကျော်သူဝင်း နှင့် ဦးထိန်လင်းနောင်တို့က တရုတ်-မြန်မာ ဘဏ္ဍာရေး ဆိုင်ရာ ဝန်ဆောင်မှုများ ၊ Domestic and International Settlement အ‌ကြောင်းများ ၊  ဘဏ်၌ Account ဖွင့်လှစ်ရာတွင် ဂရုစိုက်ပေးရမည့် အချက်အလက်များ ကို ရှင်းလင်း ပြောကြားခြင်းများအား မိတ်ဆက် ရှင်းလင်းခဲ့သည်။ 

UMFCCI ဒုတိယ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က UMFCCI အသင်းဝင်များကို အဓိက အားပေးချင်သော ဆန္ဒမှာ တက်နိုင်သမျှ Third Country ၏ Currency များကို မှီခိုမှု အစား တတ်နိုင်သမျှ မိမိ ရောင်းချသည့် ပစ္စည်းများကို ဝယ်သည့် နိုင်ငံက Currency နှင့် အလုပ်လုပ်မည် ၊ ကိုယ့်တိုင်းပြည်က Currency နှင့် အလုပ်လုပ်မည် ဆိုလျှင် အကျိုးကျေးဇူးများ ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

ICBC ဘဏ် နှင့် UMFCCI တို့ပုံမှန် ထိတွေ့ဆွေးနွေးပြီး မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံ အကြားတွင် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာအောင် တတ်နိုင်သမျှ ကြိုးစားပြီး UMFCCI အသင်းဝင်များ၏ အကျိုးစီးပွား ရှိရန် အားပေး ကူညီပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)