Connect with us

Economy

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို မြန်မာနိုင်ငံ တရုတ် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ကျင်းပ

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၉  ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို  မြန်မာနိုင်ငံ တရုတ် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(CECCM)က ယနေ့စက်တင်ဘာ ၂၉  ရက်တွင် ရန်ကုန်မြို့၌ ကျင်းပရာ တရုတ်-မြန်မာ နှစ်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကို နှစ်ရှည်လများစွာ ဂရုစိုက်သည့် ထောက်ခံ အားပေးသည့် နှစ်နိုင်ငံ နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်များကို ကျေးဇူး ဥပကာရ တင်ရှိကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်နမိတ် ရှည်လျားပြီး ဆက်ဆံရေး သမိုင်း ရှည်ကြာပါကြောင်း ၊ တရုတ် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေးသည် မြန်မာနိုင်ငံ အတွက် အခွင့်အရေး တစ်ခု ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် တူညီသည့် လမ်းကြောင်းပေါ်တွင် သဘာဝကျသည့် အကျိုးတူ အဖွဲ့ နိုင်ငံ ဖြစ်ကြောင်း ၊တရုတ်-မြန်မာ နှစ်နိုင်ငံ ဖွံံ့ဖြိုး တိုးတက်ရေး အတွက် နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်များက အထူးသဖြင့် စီးပွားရေး လောကမှ ပုဂ္ဂိုလ်များက အရေးကြီးသည့် အင်အားစု တစ်ခု ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရုတ် ပြည်သူ့သမ္မတ နိုင်ငံ စတင် ထူထောင်ချိန်မှ စပြီး မြန်မာနိုင်ငံ နှင့် ရင်းနှှီး ချစ်ခင်သည့် ဆက်ဆံရေး ရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ အကြား ချစ်ကြည် ရင်းနှီးမှုသည် အားကောင်း ခိုင်မာဆဲ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး နယ်ပယ် အသီးသီးတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံက မြန်မာနိုင်ငံကို အဘက်ဘက်မှ ထောက်ခံ အားပေးခဲ့သည့် အတွက် တရုတ် ပြည်သူ့သမ္မတ နိုင်ငံကို ကျေးဇူး တင်ရှိကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(CECCM) ဥက္ကဋ္ဌ မစ္စတာ လျိုယင်(Liu Ying)က အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပမှုပုံရိပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပမှုပုံရိပ်များအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မြန်မာနိုင်ငံ တရုတ် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(CECCM)သည် အနာဂတ်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် တရုတ် နိုင်ငံ၏ မြန်မာနိုင်ငံ၌ ရှိသော ရင်းနှီးမြှုပ်နှံမှုများ အတွက် အကျိုး ဆက်လက် ထမ်းဆောင်ပေး သွားနိုင်မည်ဟု မျှော်လင့်ကြောင်း ၊ နှစ်နိုင်ငံ ကုန်သွယ်ရေး ဖွံ့ဖြိုးရေး ၊ စီးပွားရေး ဖွံ့ဖြိုးရေး အတွက် အကျိုး ထမ်းဆောင် သွားပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ၊ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို အထူးပင် ဂုဏ်ပြုပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တရုတ် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(CECCM) ဥက္ကဋ္ဌ မစ္စတာ လျိုယင်(Liu Ying)က ယနေ့တွင် အတူဆုံစည်းရခြင်းမှာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် ၇၀ ပြည့်ကို ဂုဏ်ပြုခြင်း နှင့် အသင်းကြီး၏ နှစ်ပတ်လည် ဧည့်ခံပွဲအခမ်းအနား ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား အစိုးရ အချင်းချင်း ၊ လုပ်ငန်းရှင်များ အချင်းချင်း ပိုမို ရင်းနှီးစွာ ဆက်သွယ်ပြီး အပြန်အလှန် ကူညီ ဖေးမခြင်း ၊ စိတ်တူကိုယ်တူဖြင့် စီးပွားရေး ၊ ကုန်သွယ်မှု နှင့် စသည့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်း ဆောင်ရွက် လုပ်ကိုင်ပြီး အခွင့်အလမ်းကောင်းများကို အတူတကွ ရှာဖွေပြီး နှစ်ဦး နှစ်ဖက် အပြန်အလှန် အကျိုးပြုခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ပြည်သူများကို အကျိုးပြုသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ တရုတ် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(CECCM)သည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ မှတ်ပုံတင်သည့် အမြတ်အစွန်း အတွက် မရည်ရွယ်သော တရားဝင် လူမှု အဖွဲ့အစည်း ဖြစ်ကြောင်း ၊ အသင်း တည်ထောင်ပြီး နှစ်နှစ် အတွင်း အသင်းဝင်ပေါင်း ၃၀၀ နီးပါး ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117