Connect with us

Economy

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ရပ်ဝန်းနှင့်လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ရန်ကုန်မြို့တွင် ကျင်းပ

- ဆွေးနွေးပွဲ စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများနှင့် ရပ်ဝန်းနှင့်လမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် တရုတ်နိုင်ငံ မကာအို-မြန်မာချစ်ကြည်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့(စက်တင်ဘာလ ၁၀ ရက်)နံနက်ပိုင်းတွင် ရန်ကုန်မြို့ဆူးလေ Shangrila Hotel တွင် ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နာယက ဦးတင်ဦး၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီးကိုယ်စား သံမှူး Mr. Yu Bian Jiang၊ တရုတ်နိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရေးအသင်း အလုပ်အမှုဆောင် Mr. Ge Hai Ting ၊ တရုတ်နိုင်ငံ မကာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ မကာအို-မြန်မာ ကုန်သည်ကြီးများအသင်း နာယက Mr. Jose Wong၊မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာမျိုးညွန့်၊ မြန်မာရပ်ဝန်းနှင့်လမ်းကြောင်းဖွံ့ဖြိုးရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အလုပ်မှုဆောင်များ ၊ စီးပွားရေးပညာရှင်များနှင့်လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)နာယက ဦးတင်ဦးမှ အဖွင့်အမှာစကားပာကြားစဉ် (ဆင်ဟွာ)

ပထမဦးစွာ အခမ်းအနားအဖွင့်အမှာစကားပြောကြားရာတွင် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း (ဗဟို) နာယက ဦးတင်ဦးက မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းနှင့် တရုတ်နိုင်ငံ မကာအို-မြန်မာ ချစ်ကြည် ရေးအသင်းသည် အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ၊ ဆက်ဆံ ရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို တက်ကြွစွာလှုပ်ရှား ဆောင် ရွက်ခဲ့ကြောင်း၊ ၊ယနေ့ကျင်းပ သည့် ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံက ယနေ့ဖော်ဆောင်နေသည့် ခေတ်သစ်ပိုးလမ်းမကြီး(One Belt One Road )စီမံကိန်းမှ တစ်ဆင့် မြန်မာနိုင်ငံအတွက်လိုအပ်သည့် အခြေခံအဆောက်အဦများ နှင့် အခြားအခွင့်အလမ်းများကို သယ်ဆောင်လာပေးရန် မြန်မာနိုင်ငံတွင်ရှိသည့် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်း များကို Win Win Policyနှင့် ချစ်ကြည်ရေးကို အခြေခံပြီးဆွေးနွေးသွားရန်၊ လက်တွေ့ရင်းနှီးမြုပ်နှံမှုများ ကို ဆက်လက်ဖော်ဆောင် ပေးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူး Mr. Yu Bian Jiang အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီးကိုယ်စား သံမှူး Mr. Yu Bian Jiangက အဖွင့်အမှာစကားပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ခေတ်သစ်ပိုးလမ်းမ ကြီး ကို တည်ဆောက်ရာတွင် အတူဆွေးနွေး၊အတူလက်တွဲ၊အတူမျှဝေရေးကို အခြေခံထားဆောင် ရွက် ခြင်းဖြစ်ကြောင်း ၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေသည့် အိမ်နီးချင်း နိုင်ငံဖြစ်သလို တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်မှုတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ စည်းစည်းလုံးပူးပေါင်းဆောင်ရွက်ခြင်းက မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနိုင်မည်ဖြစ် ကြောင်း ၊ တရုတ်နိုင်ငံ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသည် ခေတ်သစ် ပိုးလမ်းမကြီး တည်ဆောက်မှုတွင်တက်ကြွစွာပါဝင်လျက်ရှိရာ အားသာချက်များလည်း ရှိကြောင်း ၊ယခုတစ်ကြိမ် ဆွေးနွေးပွဲမှတစ်ဆင့် တရုတ်နိုင်ငံ ၊မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသနှင့် မြန်မာနိုင်ငံတို့ အကြားတွင် ကုန်သွယ်ရေး ၊လူမှုယဉ်ကျေးမှုဖလှယ်ရေးများကို မြှင့်တင်ဆောင်ရွက်နိုင်ရန် မျှော်လင့် ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားကျင်းပသည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနားကျင်းပသည့် မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့နောက် တရုတ်နိုင်ငံ နိုင်ငံတကာ ချစ်ကြည်ရေးအသင်း အလုပ်အမှုဆောင် Mr. Ge Hai Ting ၊ တရုတ်နိုင်ငံ မကာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ၊ မကာအို-မြန်မာ ကုန်သည်ကြီးများအသင်း နာယက Mr. Jose Wongတို့က အမှာစကားအသီးသီးပြောကြားခဲ့ကြပြီး ဆွေးနွေးပွဲအစီအစဉ်ကို စတင်ခဲ့ရာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာမျိုးညွှန့်က မြန်မာနိုင်ငံ ရင်းနှီးမြုှပ်နှံမှုဥပဒေနှင့်မူဝါဒများအကြောင်း ကို မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံမှ ပါမောက္ခကြီးများ၊ပညာရှင်များက ခေတ်သစ်ပိုးလမ်းမကြီး နည်းဗျူဟာ မိတ်ဆက် ပြောကြားခဲ့သလို မြန်မာနိုင်ငံ ဖွံဖြိုးတိုးတက်ရေးနည်းဗျူဟာနှင့် ကြိုတင်ပြင်ဆင်သင့်သော အချက်အလက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲကို မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း၊ မြန်မာရပ်ဝန်းနှင့်လမ်းကြောင်း ဖွံ့ဖြိုးရေး အသင်းနှင့် မကာအို -မြန်မာ ကုန်သည်များအသင်းက တာဝန်ယူကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)