Connect with us

Sino-Myanmar

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင်၂၀၂၄ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင်၂၀၂၄ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ(ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကကြီးမှူးပြီး ယူနန်ပြည်နယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၄ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကိုဖေဖော်ဝါရီလ (၄)ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ၊အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင်ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင်၂၀၂၄ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ(ဆင်ဟွာ)

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးမစ္စတာချန်းဟိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က နဂါးရုပ်ကို အသက်သွင်းခြင်းအစီအစဉ်ဖြင့် အခမ်းအနား စတင်ခဲ့ပြီး မြန်မာ့ရိုးရာအကဖျော်ဖြေပွဲများ၊ နဂါးနှင့် ခြင်္သေ့အကဖျော်ဖြေပွဲများ၊ ဝူရှူးဖျော်ဖြေပွဲများနှင့် အခြားလှုပ်ရှားမှုများ ပါဝင်သည့် ယဉ်ကျေးမှုပြခန်းကိုလည်း ပြသခဲ့ကြောင်း သိရသည်။

ယင်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို ပူးပေါင်းတည်ဆောက်ရန် တရုတ်နိုင်ငံက ကတိပြုထားကြောင်း၊ နှစ်နိုင်ငံက ပြည်သူများအတွက် ပိုပြီးမြင်သာထင်သာရှိသည့်အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးရန် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တရုတ် ယဉ်ကျေးမှု၊ ရှုခင်းများနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး နှင့် တရုတ်နိုင်ငံအကြောင်း ပိုမို နက်ရှိုင်းစွာ နားလည်ရန် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံသားများ လာရောက်လည်ပတ်ရန်လည်း ဖိတ်ကြားကြောင်းတရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ဆိုသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး သမိုင်းကြောင်း ရှည်လျားပြီး နှစ်နိုင်ငံ နယ်နိမိတ် ရှည်လျားသောကြောင့် နှစ်နိုင်ငံယဉ်ကျေးမှုကလည်း ရောယှက်လျက် ရှိကြောင်း ၊ မြန်မာနိုင်ငံတွင် တရုတ်ရိုးရာ ပွဲတော်များကို တစ်နှစ်ပတ်လုံး အခါအားလျော်စွာ ကျင်းပလေ့ရှိပြီး မြန်မာလူမျိုးများကလည်း အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားသည်။ (Xinhua)