Connect with us

Sino-Myanmar

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း မြန်မာနိုင်ငံ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ အဆောက်အအုံဖွင့်ပွဲနှင့် စတင်အသုံးပြုခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအဆောက်အအုံဖွင့်ပွဲနှင့် စတင်အသုံးပြုခြင်းအခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-Chinese Embassy)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့်ဖော်ဆောင်သည့် “ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ” အဆောက်အအုံဖွင့်ခြင်းနှင့် စတင်အသုံးပြုခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာအဆောက်အအုံဖွင့်ပွဲနှင့် စတင်အသုံးပြုခြင်းအခမ်းအနားကျင်းပစဉ် (ဓာတ်ပုံ-Chinese Embassy)

ယင်းအဆောက်အအုံဖွင့်ခြင်းနှင့် စတင်အသုံးပြုခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Dr. Zheng Zhihong တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါစင်တာသည် တရုတ်-မြန်မာ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု၏ ကိုယ်စားပြုစီမံကိန်း နောက်တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးသော တိုင်းရင်းသားလူမျိုးစုများအတွက် သက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာ တည်ဆောက်ပြီးစီးခြင်းသည် ပြည်နယ်တွင်း သက်မွေးဝမ်းကျောင်းနည်းပညာ လူတော်လူချွန်များ “မွေးထုတ်ပေးရာနေရာ” ဖြစ်လာမည်သာမက တိုင်းရင်းသားလူမျိုးစုများ သဟဇာတဖြစ်စွာ အတူယှဉ်တွဲနေထိုင်ရေးနှင့် ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပလက်ဖောင်း တစ်ခုလည်းဖြစ်ကြောင်း သံမှူးကြီး Dr. Zheng Zhihong က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံ၏ လန်ချန်း-မဲခေါင် အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် အဆိုပါစင်တာတည်ဆောက်မှုအပေါ် ကျေးဇူးတင်ပါကြောင်း၊ အဆိုပါစင်တာမှ ရှမ်းပြည်နယ် တိုင်းရင်းသားများအတွက် ကွန်ပျူတာ၊ ကားဝပ်ရှော့၊ တိုင်းရင်းသားလက်မှုပညာစသည့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို ပထမဆုံးအဆိုပြုသည့်နိုင်ငံအနေဖြင့် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုတွင် ဆက်လက်တက်ကြွစွာ ပါဝင်သွားမည်ဖြစ်ပြီး မိမိနိုင်ငံနှင့် လန်ချန်း-မဲခေါင်ဒေသ စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)