Connect with us

Politics

မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း ပေါက်ဖော် ညီအစ်ကို အနေဖြင့် အောင်မြင်သော ရွေးကောက်ပွဲ ကို အဆင်ပြေစွာ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ပြောကြား

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က Sky Net ရုပ်သံလွှင့်ဌာနတွင် ပြောကြားနေစဉ် (ဓာတ်ပုံ- Sky Net)

ရန်ကုန် ၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် မြန်မာနိုင်ငံ ၌ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအပေါ် မြန်မာနိုင်ငံ၏ ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်း နှင့် ပေါက်ဖော်ညီအစ်ကိုအနေဖြင့် မြန်မာနိုင်ငံသည် အောင်မြင်သော ရွေးကောက်ပွဲကို အဆင်ပြေစွာ ကျင်းပနိုင်မည်ဟု ယုံကြည်ကြောင်း ပြည်တွင်း ရုပ်မြင်သံကြား သတင်းဌာန တစ်ခု ဖြစ်သည့် Sky Net ရုပ်သံလိုင်းမှ တစ်ဆင့် ၎င်း၏ အမြင်ကို ပြောကြားခဲ့မှုအား အပြည့်အစုံ ပြန်လည် ဖော်ပြအပ်ပါသည်။

သံအမတ်ကြီး Mr. Hong Liang မှ Sky Net ရုပ်သံလွှင့်ဌာန တွင် ပြောကြားသော မိန့်ခွန်းပထမဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ် အနေ နှင့် ကျွနု်ပ်က Sky Net မှ တစ်ဆင့် တီဗွီဖန် သားပြင်ရှေ့ရှိ ပရိသတ်များ နှင့် တကွ မြန်မာပြည်သူ ပြည်သား များအား ရင်းနှီးစွာ နှုတ်ခွန်းဆက် လိုက်ပါတယ်။ အားလုံးမင်္ဂလာပါ။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်အဖြစ် တာဝန်ထမ်း ဆောင်ရသည့် အတွက် ကျွနု်ပ် အလွန်ပဲ ဂုဏ်ယူမိပါတယ်။ အကြောင်းမှာ တရုတ်-မြန်မာနှစ်နိုင်ငံ သည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများဖြစ်ကြပြီး နှစ်နိုင်ငံပြည်သူအကြားရှိ ပေါက်ဖော် ချစ်ကြည်ရေးသည် လွန်စွာ နက်ရှိုင်းပါတယ်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံသည့် (၆၅) နှစ်တာ ကာလအတွင်း နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ၊ နှစ်နိုင်ငံ ပြည်တွင်း အခြေအနေ မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး သည် လုံးဝ မပြောင်းလဲဘဲ နှစ်နိုင်ငံ ဆက်ဆံရေးသည် အမြဲကောင်းမွန် စွာ တိုးတက် လျက်ရှိပါတယ်။

၂၀၁၀ ခုနှစ် မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေး စတင်ချိန်တွင် တရုတ်-မြန်မာဆက်ဆံရေးသည် အခြေအနေသစ်ကို ရင်ဆိုင်လာပါတယ်။ ၂၀၁၁ ခုနှစ်တွင် အဆွေတော် သမ္မတကြီး ဦးသိန်းစိန် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်လာရောက် လည်ပတ်စဉ် တရုတ်-မြန်မာနှစ်နိုင်ငံအကြား မဟာဗျူဟာ မြောက်ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှု အဆင့် သစ်သို့ တိုးတက် လာခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းတွင် အရေးပါသော မှတ်ကျောက် သဖွယ် အဓိပ္ပါယ်ဖော်ဆောင်ပါတယ်။ ယခုနှစ် များတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင်များ အပြန်အလှန် ဆက်ဆံမှုများ ပြားလာပြီး ပါတီချင်း ဆက်ဆံရေး လည်း စဉ်ဆက် မပြတ်တိုးတက် လျက်ရှိ၍ နှစ်နိုင်ငံ တပ်မတော် အကြားဆက်ဆံမှု လွန်စွာ တိုးတက်ကာ နယ်ပယ်စုံ ပူးပေါင်း ဆောင်ရွက်မှုှု အကျိုးရလဒ် များ သိသိသာသာ တိုးတက် လျက်ရှိရာ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ တရုတ်-မြန်မာချစ် ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံစီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုဘဝ တိုးတက် မြင့်မားရေးတို့ အတွက် ထူးခြားသော အကျိုးစွမ်း ဆောင်မှုပြုပါသည်။

တရုတ်-မြန်မာ သံတမန်ဆက်ဆံသည့် (၆၅) နှစ် တာကာလကို ပြန်ပြောင်းကြည့်ပါက နှစ်နိုင်ငံ ဆက်ဆံရေး ယခုကဲ့သို့ ကောင်းမွန်စွာ တိုးတက်နေခြင်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် နှစ်နိုင်ငံ အတူတကွ အဆိုပြုတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီးငါးရပ်ကို ထာဝစဉ် လက်စွဲထားသော ကြောင့်ပင် ဖြစ်ပါတယ်။ ကျွနု်ပ်တို့သည် အပြန်အလှန် လေးစားသည်၊ အပြန်အလှန် နားလည်ကြသည်၊ အပြန်အလှန် ရိုင်းပင်းကူညီကြပြီး အချင်းချင်း အားပေးလျက်ရှိသည်။

အပြန်အလှန် လေးစားခြင်း ဆိုသည်မှာ ကျွနု်ပ်တို့သည် တစ်ဖက်နိုင်င ံ၏ အချုပ်အခြာ အာဏာ နှင့် ပိုင်နက် နယ်မြေပြည့်ဝမှု ကို လေးစားကာ တဘက် နိုင်ငံ၏ လက်တွေ့အခြေအနေနှင့် ပြည်သူလူထုဆန္ဒကို လေးစားခြင်းပင် ဖြစ်ပါတယ်။ အပြန်အလှန် နားလည်ခြင်း ဆိုသည်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ချစ်ကြည် ရင်းနှီးမှုကို အမြဲတမ်းဦးတည်လျက် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု လမ်းစဉ်တွင် ကြုံတွေ့ ရသော အခက်အခဲ နှင့် စိန်ခေါ်မှုများကို ကောင်းမွန်စွာ ဖြေရှင်းခြင်း ဖြစ်ပါတယ်။ အပြန်အလှန် ရိုင်းပင်း ကူညီခြင်း ဆိုသည်မှာ တစ်ဖက်နိုင်ငံ တွင် ကြီးမားသော ဘေးအန္တရာယ် အခက်အခဲ နှင့် ကြုံတွေ့ရချိန် တွင် တဘက်နိုင်ငံ ၏ လိုအပ်ချက်ကို လက်ကမ်း ကူညီကာ အရေး ကြုံမှ မိတ်ကောင်းသိ နိုင်ခြင်းပင် ဖြစ်ပါတယ်။ အပြန်အလှန် အားပေးခြင်း ဆိုသည် မှာ ကျွနု်ပ်တို့သည် တဘက်နိုင်ငံသည် မိမိနိုင်ငံအခြေအနေ နှင့် လိုက်ဖက်သည့် တိုးတက်ရာ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခြင်း ကို အားပေးကာ ပြင်ပအင်အားများက ပြည်တွင်းရေး ကိစ္စရပ်များအား စွက်ဖက်ခြင်း အပေါ်ကို ကန့်ကွက်ပါတယ်။ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ နိုင်ငံတည်ငြိမ်ရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ လူထုဘဝ ကောင်းမွန် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အားပေးပါတယ်။

မြန်မာနိုင်ငံ စတင် အသွင် ကူးပြောင်းသည့် ၅ နှစ် တာကာလ အတွင်း ပြည်တွင်း ပြုပြင်ပြောင်းလဲ ရေး၊ ပြည်ပတံခါးဖွင့်ရေး စသော နယ်ပယ် များတွင် ဆောင်ရွက်မှု သစ်များစွာကို ဆောင်ရွက်လျက် ရှိရာ မြန်မာပြည်သူ လူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့၏ အသိအမှတ် ပြုခြင်းနှင့် ချီးကျူးခြင်းကို ရရှိခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် မှစ၍ ပြုပြင်ပြောင်းလဲရေး စတင်ရာ ၃၇ နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံသည် ကမ္ဘာက စောင့်ကြည့်ရလောက်သော ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကို ရရှိခဲ့ ပါတယ်။ တရုတ်နိုင်ငံ၏ အတွေ့အကြုံအရ နိုင်ငံအသွင်ကူးပြောင်းရေး အချိန်ကာလတွင် တည်ငြိမ်ရေး၊ ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့အကြား အခြေအနေကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် လိုအပ်ပါတယ်။ တည်ငြိမ်မှု မရှိလျှင် နိုင်ငံတိုးတက်ရေးမှာ အခြေခံပျောက်ဆုံးသွားမည်ဖြစ်ပြီး ပြုပြင် ပြောင်းလဲရေး မလုပ်ဆောင်ပါက နိုင်ငံတိုးတက်ရေး မှာ တွန်းအား ပျောက်ဆုံးမည်ဖြစ်ကာ ဖွံ့ဖြိုးတိုးတက် မှုမရှိပါက နိုင်ငံ တိုးတက်ရေးမှာ လားရာ နှင့် ဦးတည်ချက် ပျောက်ဆုံးမည်ဖြစ်၍ ပြည်သူလူထု ၏ ကောင်းမွန်သော ဘဝဆန္ဒများ အကောင်အထည် ပေါ်လာနိုင်မည် မဟုတ်ပါ။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်ပြီး ယင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံအသွင် ကူးပြောင်းရေး အတွက် အရေးကြီးသော ကိစ္စရပ်ပင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နှင့် ပေါက်ဖော် ညီအစ်ကို အနေဖြင့် မြန်မာနိုင်ငံသည် အောင်မြင်သော ရွေးကောက်ပွဲ ကို အဆင်ပြေစွာ ကျင်းပနိုင်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါတယ်။ ယခု ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ နိုင်ငံအသွင် ကူးပြောင်းရေး တည်ငြိမ်စွာရှေ့သို့တိုးတက်ရေး အတွက် များစွာ အထောက် အကူ ဖြစ်လိမ့်မည် ဟု ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။ ကျွန်ုပ်တို့သည်လည်း မြန်မာနိုင်ငံ ရေးပါတီများသည် ဒီမိုကရေစီစနစ် အတွက် ပြိုင်ဆိုင် နေကြသည့် တစ်ချိန်တည်း မှာပင် အခက်အခဲ နှင့် စိန်ခေါ်မှုများကို သည်းခံနားလည်မှု ဖြင့် အတူတကွ ရင်ဆိုင်ကာ ကောင်းမွန်စွာ ဖြေရှင်းသွားနိုင်မည်ဟု မျှော်လင့်ပါတယ်။

ကျွန်ုပ်တို့မှလည်း အခြားပြင်ပ အင်အားများ ရွေးကောက်ပွဲ ဖြစ်စဉ်ကို ဝင်ရောက် စွက်ဖက်ခြင်း မပြုရန်တိုက်တွန်း လိုပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း မှ လည်း မြန်မာနိုင်ငံ အသွင် ကူးပြောင်းရေး အတွက် ကောင်းမွန်သော ပြင်ပ ပတ်ဝန်းကျင် ဖန်တီး ပေးသင့်ပါတယ်။

နိဂုံးချုပ်အနေဖြင့်၊ မြန်မာနိုင်ငံ ပြည်သူပြည်သားများ ကောင်းမွန်သော အနာဂတ်ကာလ ကို ပိုင်ဆိုင်လာ နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေး လိုက်ပါတယ်။ ဒါဟာ ကျွန်ုပ်တို့ နှစ်နိုင်ငံ ခင်မင်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ခြင်းကို တိုးမြှင့်ခြင်း ရဲ့ရည်မှန်းချက် လည်းဖြစ်ပါတယ်၊

အားလုံးကို ကျေးဇူးတင်ပါတယ်။ (Xinhua)