Connect with us

Social

ခေတ်သစ်ပိုးလမ်းမကြီး တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး ဆိုင်ရာ စာတမ်းဖတ်ပွဲ နှင့် ဖူချင့် စာသင်ကျောင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပ


မန္တလေး ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး ဆိုင်ရာ စာတမ်းဖတ်ပွဲ ၊ ဖူချင့် နိုင်ငံတကာ ဘာသာစကား စင်တာ တည်ထောင်ခြင်း (၂၅) နှစ်ပြည့် နှင့် ဖူချင့် ကွန်ဖြူးရှပ် စင်တာ တည်ထောင်ခြင်း (၁၀) နှစ် ပြည့် အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနား ကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်း အချိန်တွင် မန္တလေးမြို့ ရှိ ဖူချင့် စသင်ကျောင်း တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၊ တရုတ် နိုင်ငံ မြန်မာ ပညာတော်သင် ကျောင်းသားဟောင်းများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ ကျော်သန်းထွန်း(ကန်တုန်) ၊ မန္တလေးမြို့ အခြေစိုက် တရုတ် နိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် မစ္စတာ ဝမ်ကျုံရင်(Mr.Wang Zongying) နှင့် ကောင်စစ်ဝန်ရုံး တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် မစ္စတာ ကျန်းလိ(Mr.Zhang Li) နှင့် တရုတ် နိုင်ငံ မှ ပညာရှင်များ ၊ ဖူချင့် စာသင်ကျောင်း ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ ဦးဖြူဝင်း (Huang Pengfei) နှင့် ဖူချင့် စာသင်ကျောင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းချုပ်(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ၊ မန္တလေးတိုင်း မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးပိုမြင့် ၊ မြန်မာ နိုင်ငံ ဒေသ အသီးသီး ရှိ တရုတ် ဘာသာစကား သင်ကြားသည့် ဆရာ/ဆရာမ များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက် ခဲ့ကြသည်။

ယူနန်တက္ကသိုလ် မှ ဖူချင့် စာသင်ကျောင်း သို့ ပေးအပ်သည့် ကွန်ဖြူးရှပ် ကြေးရုပ်ထု အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

ယူနန်တက္ကသိုလ် မှ ဖူချင့် စာသင်ကျောင်း သို့ ပေးအပ်သည့် ကွန်ဖြူးရှပ် ကြေးရုပ်ထု အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး ဆိုင်ရာ စာတမ်းဖတ်ပွဲ နှင့် ဖူချင့် စာသင်ကျောင်း နှစ်ပတ်လည် အခမ်းအနား ကျင်းပနေစဉ်(ဆင်ဟွာ)

ဖူချင့် စာသင်ကျောင်း ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ ဦးဖြူဝင်း (Huang Pengfei) က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးပိုမြင့် က အမှာစကား ပြောကြားနေစဉ် (ဆင်ဟွာ)

မန္တလေးမြို့ အခြေစိုက် တရုတ် နိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် မစ္စတာ ဝမ်ကျုံရင်(Mr.Wang Zongying) က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် မစ္စတာ ကျန်းလိ(Mr.Zhang Li) က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

မန္တလေးမြို့ ရှိ ဖူချင့် နိုင်ငံတကာ ဘာသာစကား စင်တာ နှင့် ဖူချင့် ကွန်ဖြူးရှပ် စင်တာ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မန္တလေးမြို့ ရှိ ဖူချင့် နိုင်ငံတကာ ဘာသာစကား စင်တာ တွင် ကျင်းပ ပြုလုပ်သည့် ဓာတ်ပုံပြပွဲ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနား မစတင်မီ ဧည့်သည်တော် များ က ယူနန်တက္ကသိုလ် မှ ဖူချင့် စာသင်ကျောင်း သို့ ပေးအပ်သည့် ကွန်ဖြူးရှပ် ကြေးရုပ်ထု အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဖူချင့် စာသင်ကျောင်း ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ ဦးဖြူဝင်း က အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြား ခဲ့ရာတွင် ဖူချင့် စာသင်ကျောင်း အနေဖြင့် အခက်အခဲ များကို ကျော်ဖြတ်နိုင်ခဲ့ပြီး မြန်မာ နိုင်ငံ တွင် တရုတ် ဘာသာစာပေ အား သင်ကြားပေးနိုင်ခဲ့ ကာ မြန်မာ နိုင်ငံသား တရုတ် ဘာသာ သင်ကြားရေး ဆရာ များကိုလည်း မွေးထုတ် ပေးနိုင်ခဲ့ကြောင်း ၊ ယခုချိန် တွင် တရုတ် နိုင်ငံ မှ ပညာတော်သင် ဆုများလည်း ရရှိနိုင်သောကြောင့် တရုတ် နိုင်ငံ မှ အဆင့်မြင့် ပညာရေး ဘွဲ့များ ရရှိထားသည့် ဒေသတွင်း သင်ကြားမှု ဆရာများကိုလည်း မွေးထုတ် လာနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန် ၌ မြန်မာ နိုင်ငံ ဒေသ အသီးသီး ရှိ စာသင်ကြားသည့် နေရာပေါင်း ၅၈ ခုတွင် ဆရာပေါင်း ၉၀ ခန့်ဖြင့် ကျောင်းသားပေါင်း ၆,၀၀၀ ခန့် ကို ပညာသင်ကြားပေးနေကြောင်း ၊ ဖူချင့် စာသင်ကျောင်း အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ဘာသာစကား တက်ကျွမ်းသူများအား မွေးထုတ်ပေးနိုင်သောကြောင့် ၎င်း တို့က နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ပေါင်းကူးတံတား ဖြစ်စေပြီး နှစ်နိုင်ငံ အရပ်ဘက် ဖလှယ်မှု အတွက်လည်း တွန်းအား ဖြစ်စေခဲ့ကြောင်း ၊ ဖူချင့် စာသင်ကျောင်း အနေဖြင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မန္တလေးတိုင်း မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း အသက်မွေးဝမ်းကျောင်းနည်းပညာကောလိပ် ကျောင်းအုပ် ဦးပိုမြင့် က အမှာစကား ပြောကြားရာတွင် ချစ်ကြည်ရေး အသင်း အနေဖြင့် တရုတ် ဘာသာစကား သင်ကြားရေး အား အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ဆောင်ရွက်ရန် အတွက် လွန်စွာ အရေးပါကြောင်း ၊ တရုတ် ဘာသာစကားသင်တန်များ ဖွင့်လှစ်ပေးရာတွင် ဖူချင့် စာသင်ကျောင်း မှ အကူအညီ မျာစွာ ပေးအပ် ခဲ့ပြီး မြန်မာ နိုင်ငံ ပြည်သူလူထု တို့အား တရုတ်ဘာသာစကားဆိုင်ရာ အသက်မွေးပညာများကိုလည်း သင်ကြားပေးနိုင်ခဲ့ကြောင်း ၊ အသက်မွေးဝမ်းကျောင်းနည်းပညာကောလိပ် ဖွင့်လှစ်ရာတွင်လည်း တရုတ် နိုင်ငံ ယူနန် တက္ကသိုလ် မှ ကူညီမှုများစွာ ပေးအပ်ခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ချစ်ကြည်ရေးအသင်း အနေဖြင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ကို ပိုမို ဖွံ့ဖြိုးတိုးတက်အောင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မန္တလေးမြို့ အခြေစိုက် တရုတ် နိုင်ငံ ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် မစ္စတာ ဝမ်ကျုံရင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ၂၀၀၉ ခုနှစ်တွင် မြန်မာ နိုင်ငံ ၌ ပထမ ဦးဆုံး သော ကွန်ဖြူးရှပ် စင်တာ အား ဖူချင့် စာသင်ကျောင်း တွင် ဖွင့်လှစ် နိုင်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ အသီးသီး တို့၏ ကူညီဆောင်ရွက်မှုကြောင့် အောင်မြင်မှုများစွာ ရရှိနိုင်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဘက်စုံပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ၏ ဖွံ့ဖြိုးတိုးတက်လာမှု အလျှောက် ကွန်ဖြူးရှပ် စင်တာ မှာလည်း ပိုမိုအောင်မြင်လာခဲ့ပြီး နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မှာလည်း ပိုမိုနက်ရှိုင်း လာခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင် များအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး ဆိုင်ရာ သဘောတူညီမှုများ ရရှိထားခဲ့ပြီး ယခုတွင် ဖူချင့် စာသင်ကျောင်း ၌ နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး ဆိုင်ရာ စာတမ်းဖတ်ပွဲ ကျင်းပခြင်း က လွန်စွာ အရေးပါကြောင်း ၊ ယခု စာတမ်းဖတ်ပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု အတွက် အကြံပြုချက်ကောင်းများ ထွက်ပေါ်နိုင်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အား ပိုမို အကျိုးဖြစ်ထွန်းနိုင်ရန် ဆုမွန်ကောင်း တောင်းကြောင်း ပြောကြား ခဲ့သည်။

ယူနန် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် မစ္စတာ ကျန်းလိ က အမှာစကား ပြောကြားရာတွင် လွန်ခဲ့သည့် ၂၅ နှစ် က ဖူချင့် စာသင်ကျောင်း အား မြန်မာ နိုင်ငံ တွင် ဖွင့်လှစ် နိုင်ခဲ့ခြင်း က တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ခြင်း နှင့် ယဉ်ကျေးမှု ပေါင်းစပ်ခြင်း တို့အတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ကြောင်း ၊ ယူနန် တက္ကသိုလ် က ဖူချင့် စာသင်ကျောင်း နှင့် ပူးပေါင်း၍ ကွန်ဖြူးရှပ် စင်တာ ဖွင့်လှစ် နိုင်ခဲ့ခြင်း က မြန်မာ နိုင်ငံ ပြည်သူလူထု အတွက် တရုတ်ဘာသာ စကား သင်ကြားရန် အရေးပါသည့် ပလတ်ဖောင်း တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ ယခု ကျင်းပ ပြုလုပ်မည့် နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေး စာတမ်းဖတ်ပွဲသည်လည်း တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန် အတွက် တွန်းအား ဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အဆက်မပြတ် တွန်းအားပေး ဆောင်ရွက်လာခြင်း နှင့် အတူ တရုတ်ဘာသာစကား တက်ကျွမ်းသူများ ပိုမို လိုအပ်လာမည် ဖြစ်ပြီး ကွန်ဖြူးရှပ် စင်တာ အနေဖြင့် လိုအပ်ချက် များကို ကူညီဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီး တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး ဆိုင်ရာ စာတမ်းဖတ်ပွဲ ၊ ဖူချင့် နိုင်ငံတကာ ဘာသာစကား စင်တာ တည်ထောင်ခြင်း (၂၅) နှစ်ပြည့် နှင့် ဖူချင့် ကွန်ဖြူးရှပ် စင်တာ တည်ထောင်ခြင်း (၁၀) နှစ် ပြည့် အထိမ်းအမှတ် အခမ်းအနား အား နိုဝင်ဘာ ၂၄ ရက် မှ ၂၅ ရက် အထိ မန္တလေးမြို့ရှိ ဖူချင့် စာသင်ကျောင်းတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အခမ်းအနား ကျင်းပစဉ် အတွင်း ဓာတ်ပုံပြပွဲ ၊ အနုပညာတင်ဆက်မှု ၊ နှင့် ဆွေးနွေးပွဲများ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ပညာရှင်များ ၏ စာတမ်းဖတ်ပွဲ တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ နိုင်ငံရေး ၊ စီးပွားရေး ဆိုင်ရာ ဆက်ဆံရေး သုတေသန စာတမ်းများ ၊ နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် လူမှုရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သုတေသန စာတမ်းများ ၊ မြန်မာ နိုင်ငံ တွင် တရုတ် ဘာသာစကား သင်ကြားမှု ဆိုင်ရာ သုတေသန စာတမ်းများအား ဖတ်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)