Connect with us

Social

တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် ပထမ အကြိမ် ကျောက်ဖြူလူငယ် ကျွမ်းကျင်မှု သင်တန်း အောင်မြင်စွာ ပြီးဆုံး

တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် ပထမ အကြိမ် ကျောက်ဖြူလူငယ် ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ကျောက်ဖြူ ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ယူနန် ပြည်နယ် အစိုးရ နှင့် CITIC Consortium တို့ ပူးပေါင်း ကူညီဆောင်ရွက်ပေး ခဲ့သည့် ပထမ အကြိမ် ကျောက်ဖြူလူငယ် ကျွမ်းကျင်မှု သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်း တွင် ကျောက်ဖြူမြို့ရှိ ကျောက်ဖြူလူငယ် ကျွမ်းကျင်မှု သင်တန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း စာသင်ကျောင်း ၌ ကျင်းပပြုလုပ် ခဲ့ပြီး သင်တန်းသား/သူ အသီးသီး အား သင်တန်းဆင်း လက်မှတ်များ ပေးအပ် ခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနား တွင် CITIC (Myanmar) ကုမ္ပဏီ ဒုတိယ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ မာချွမ်ဖူ (Mr.Ma Chuanfu) က CITIC အနေဖြင့် လက်ရှိတွင် ကျောက်ဖြူရေနက် ဆိပ်ကမ်း နှင့် အထူးစီးပွားရေးဇုန် အား တွန်းအားပေး ဆောင်ရွက်နေပြီး စီမံကိန်း စတင်ချိန် တွင် ဘက်ပေါင်းစုံသော လူစွမ်းအား အရင်းအမြစ်များ ကို လိုအပ်မည် ဖြစ်ကြောင်း ၊ ထို့ကြောင့် ယခု သင်တန်းသား များ က အနာဂတ် တွင် သင်တန်း မှ ရရှိသော အသိပညာ မျာအား လက်တွေ့ အသုံးချ နိုင်မည် ဖြစ်ကြောင်း ၊ ယခု သင်တန်းပြီးနောက် တွင် မျိုးစုံသော အတက်ပညာ သင်တန်းများ ကိုလည်း ဆက်လက် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း ၊ အတူတကွ ကြိုးပမ်း အားထုတ်ခြင်း ဖြင့် ကျောက်ဖြူ ၏ အနာဂတ် နှင့် မြန်မာ နိုင်ငံ ၏ အနာဂတ် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

CITIC (Myanmar) ကုမ္ပဏီ ဒုတိယ မန်နေးဂျင်း ဒါရိုက်တာ မစ္စတာ မာချွမ်ဖူ (Mr.Ma Chuanfu) က နှုတ်ခွန်းဆက် အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

ကျောက်ဖြူလူငယ် စင်တာ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်စိုး က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

သင်တန်း တက်ရောက်ပြီးဆုံး ခဲ့သည့် ကျောက်ဖြူမြို့ မှ မစိုးဝင်းရီ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

 တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် ပထမ အကြိမ် ကျောက်ဖြူလူငယ် ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ တွင် သင်တန်းဆင်း လက်မှတ်များ ပေးအပ် နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ မှ ကူညီထောက်ပံ့ပေးသည့် ပထမ အကြိမ် ကျောက်ဖြူလူငယ် ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ကျောက်ဖြူလူငယ် စင်တာ စီမံခန့်ခွဲရေးကော်မတီ အဖွဲ့ဝင် ဦးကျော်ကျော်စိုး က ဆင်ဟွာ သတင်းဌာန ၏ တွေ့ဆုံမေးမြန်းမှု အား ဖြေကြားရာတွင် ယခု အကြိမ် သင်တန်း တွင် သင်ကြားပေး ခဲ့သည့် အင်္ဂလိပ် ဘာသာစကား နှင့် လျှပ်စစ် သင်တန်း တို့ သည် သင်တန်းသား/သူ များ ၏ အလုပ်အကိုင် အခွင့်အလှမ်း တွင် ပိုမို အခွင့်အရေး ရရှိစေနိုင်မည် ဖြစ်ကြောင်း ၊ ရှေ့ဆက်၍လည်း တရုတ် ဘာသာစကား သင်တန်း ၊ ကွန်ပျူတာ သင်တန်း နှင့် စာရင်းကိုင် သင်တန်း စသည် တို့ကိုလည်း ဆက်လက် ဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း ၊ ယခု ကဲ့သို့ ကျောက်ဖြူလူငယ် ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် လာရောက်ဆောင်ရွက်ပေးသည့် အတွက် အလွန်ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

သင်တန်း တက်ရောက်ပြီးဆုံး ခဲ့သည့် ကျောက်ဖြူမြို့ မှ မစိုးဝင်းရီ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား ခဲ့ရာတွင် နယ်ဝေး မှ သင်တန်း လာ တက်ရောက်သည့် သင်တန်းသား/သူ များ အတွက် နေထိုင်ရန် အဆောင်ပါ စီစဉ်ပေးသည့် အတွက် အစစအရာရာ အဆင်ပြေခဲ့ကြောင်း ၊ ရှေ့ဆက်ဖွင့်လှစ်မည့် သင်တန်းများကိုလည်း တက်ရောက်ရန် စိတ်ဝင်စားကြောင်း ၊  ယခု သင်တန်း က ကျောက်ဖြူ မြို့သူ ၊ မြို့သား များ အတွက် လွန်စွာ ကောင်းမွန်သည့် အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ က ကူညီထောက်ပံ့ပေးသည့် ပထမ အကြိမ် “ကျောက်ဖြူ လူငယ် ကျွမ်းကျင်မှု သင်တန်း” အင်း စက်တင်ဘာ ၉ ရက် တွင် စတင်ဖွင့်လှစ် ခဲ့ကြောင်း ၊ ပထမ အကြိမ် သင်တန်း တွင် အခြေခံ လျှပ်စစ် ကျွမ်းကျင်မှု သင်တန်း နှင့် အခြေခံ အင်္ဂလိပ် ဘာသာ သင်တန်း တို့အား ပို့ချပေးခဲ့ကြောင်း ၊ သင်တန်းသား ရွေးချယ်ရာ တွင် ကျောက်ဖြူ ဒေသ ရှိ လိုအပ်ချက်ရှိသော ၊ စာသင်ကြားရန် အခက်အခဲ ရှိသော လူငယ်များ အား ဦးစွားပေး ရွေးချယ်ပေးခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.