Connect with us

Social

ရန်ကုန် ဖူကျန့် အမျိုးသမီး တရုတ် စာပေ ဆရာအတတ်သင် ကျောင်း တည်ထောင်ခြင်း နှစ် (၁၁၀) ပြည့် အခမ်းအနား ကျင်းပ

ရန်ကုန် ဖူကျန့် အမျိုးသမီး တရုတ် စာပေ ဆရာအတတ်သင်ကျောင်း တည်ထောင်ခြင်း နှစ် (၁၁၀) ပြည့် အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန် ဖူကျန့် အမျိုးသမီး တရုတ် စာပေ ဆရာအတတ်သင်ကျောင်း (ဖူကျန့်ကျောင်း) တည်ထောင်ခြင်း နှစ် (၁၁၀) ပြည့် အခမ်းအနား ကို နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ ကန်တော်ကြီးဝင်း အတွင်း၌ ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ကောင်စစ်ရေးရာဌာန ဌာနမှူး မစ္စတာ ဝမ်းရှောင်ချူ (Mr.Wang Xiaochu) နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အသင်း အဖွဲ့ဝင်များ ၊ ဖူကျန့်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်ခိုင် (Ms.Su Xiuyu) နှင့် ကျောင်းသားဟောင်း အသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းဝင်း (Ms.Zeng Yuanxiang) ၊ ဖူကျန့်ကျောင်း ဆရာ/ဆရာမများ ၊ ကျောင်းသားဟောင်းများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက် ခဲ့ကြသည်။

ရန်ကုန် ဖူကျန့် အမျိုးသမီး တရုတ် စာပေ ဆရာအတတ်သင်ကျောင်း ကျောင်းသားဟောင်း အသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းဝင်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ကောင်စစ်ရေးရာဌာန ဌာနမှူး မစ္စတာ ဝမ်းရှောင်ချူ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ဖူကျန့် အမျိုးသမီး တရုတ် စာပေ ဆရာအတတ်သင်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်ခိုင် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အခမ်းအနားတွင် ကျောင်းသားဟောင်း အသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းဝင်း က ဖူကျန့်ကျောင်း သည် အရှေ့တောင်အာရှ နှင့် မြန်မာ နိုင်ငံ တို့တွင် ပထမ ဦးဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် အမျိုးသမီး တရုတ် စာသင်ကျောင်း တစ်ကျောင်း ဖြစ်ခဲ့ကြောင်း ၊ ဖူကျန့်ကျောင်း မှ တရုတ် စာပေ ကျွမ်းကျင် ဆရာမ များ များစွာ ကို မွေးထုတ်ပေး နိုင်ခဲ့ပြီး တရုတ် စာပေ ယဉ်ကျေးမှု ကို ပြန့်ပွားအောင် ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သံရုံး ကောင်စစ်ရေးရာဌာန ဌာနမှူး မစ္စတာ ဝမ်းရှောင်ချူ က ဖူကျန့်ကျောင်း အား လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော် အချိန်တွင် အမျှော်အမြင်ကြီးမားစွာ ဖြင့် မြန်မာ နိုင်ငံ တွင်ဖွင့်လှစ် ခဲ့သည့် အတွက် တရုတ် စာပေ ယဉ်ကျေးမှု ပြန့်ပွားရေး အတွက် လွန်စွာ အရေးပါ ခဲ့ကြောင်း ၊ ယခုချိန်တွင် နှစ်ပေါင်း ၁၁၀ ပြည့်သည့် အချိန်ထိ ကျောင်းသားဟောင်းများ မှ ပြန်လည် ဆုံစည်းကာ အမှတ်တရ ပွဲအခမ်းအနား ကျင်းပ နိုင်ခဲ့သည့် အတွက် ဝမ်းမြောက်ဂုဏ်ပြုကြောင်း ၊ ဆက်လက်၍ မြန်မာ နိုင်ငံ တွင် တရုတ် စာပေ ယဉ်ကျေးမှု ပြန့်ပွားရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် ဖူကျန့်ကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်ခိုင် တို့မှ လည်း ဖူကျန့်ကျောင်း တည်ထောင်ခြင်း နှစ် ၁၁၀ ပြည့် အခမ်းအနား နှင့် ပတ်သက်၍ ဂုဏ်ပြု အမှာစကား အသီးသီး ပြောကြား ခဲ့သည်။

ရန်ကုန် ဖူကျန့် အမျိုးသမီး တရုတ် စာပေ ဆရာအတတ်သင် ကျောင်း ကို ၁၉၀၇ ခုနှစ် တွင် ရန်ကုန်မြို့တွင် စတင် ဖွင့်လှစ် ခဲ့ပြီး အရှေ့တောင်အာရှ တွင် ပထမ ဦးဆုံး ဖွင့်လှစ်ခဲ့သည့် အမျိုးသမီး တရုတ်စာသင်ကျောင်း ဖြစ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.