Connect with us

Social

လားရှိုး မြို့နယ် နမ့်စမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ပညာရေး ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး နှင့် China Foundation for Poverty Alleviation တို့ပူးပေါင်း လှူဒါန်း

ပညာရေး ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဓာတ်ပုံ- China Foundation for Poverty Alleviation)

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ)

လားရှိုး မြို့နယ် နမ့်စမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအတွက် ပညာရေး ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံးက လှူဒါန်း၍ China Foundation for Poverty Alleviation Myanmar Office မှ စီစဉ် ဆောင်ရွက်မှုဖြင့် လှူဒါန်းပွဲ အခမ်းအနားအား ယနေ့နိုဝင်ဘာ ၂၃ ရက်တွင် ထိုဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ထိုလှူဒါန်းပွဲ အခမ်းအနားတွင် ရှမ်းမြောက် ဒုပြည်နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က ကျေးဇူးတင် စကား ပြောကြား ရာတွင် ယခုလို လှူဒါန်းမှုများ အတွက် ကျေးဇူး အထူး တင်ရှိကြောင်း နှင့် နောက်နောင်တွင်လည်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ပူပေါင်း လုပ်ဆောင် လိုကြောင်း ကျေးဇူးတင် စကား ထည့်သွင်း ပြောကြားခဲ့သည်။

နမ့်စမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ပညာရေး ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ ပေးအပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ- China Foundation for Poverty Alleviation)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး နှင့် China Foundation for Poverty Alleviation တို့ပူးပေါင်း လှူဒါန်း သည့် ပညာရေး ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ- China Foundation for Poverty Alleviation)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး နှင့် China Foundation for Poverty Alleviation တို့ပူးပေါင်း လှူဒါန်း သည့် ပညာရေး ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ- China Foundation for Poverty Alleviation)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံရုံး နှင့် China Foundation for Poverty Alleviation တို့ပူးပေါင်း လှူဒါန်း သည့် ပညာရေး ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများအား တွေ့ရစဉ်(ဓာတ်ပုံ- China Foundation for Poverty Alleviation)

China Foundation for Poverty Alleviation Myanmar Office မှ Deputy Country Director Miss Lin Yuan က China Foundation for Poverty Alleviation အဖွဲ့အစည်းသည် မြန်မာနိုင်ငံတွင် INGO အသင်း မှတ်ပုံတင် လက်မှတ်ကို 2015 တွင် တရားဝင် မှတ်ပုံတင်ခွင့် ရရှိထားသော ပထမဆုံး China INGO အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း ၊ ရန်ကုန်မြို့ ၊ မန္တလေးမြို့ နှင့် ရခိုင်ပြည်နယ်ရှိ တက္ကသိုလ်နှင့် ဒီဂရီ ကောလိပ် မှ ကျောင်းသားကျောင်းသူပေါင်း ၁၂၅၀ ဦးအား ပညာသင် ထောက်ပံ့ စရိတ်များ ပေးအပ်နေပြီး အနာဂါတ် တွင်လည်း ပညာရေး၊ ကျန်းမာရေး၊ အရေးပေါ် ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ပျက်စီးမှု မှ ပြန်လည် ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီသွားမည် ဖြစ်ပြီး အခြားအသင်းအဖွဲ့များနှင့်အတူ တရုတ် မြန်မာ ချစ်ကြည်ရေးအား ခိုင်မြဲအောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ ကျောင်းသားကျောင်းသူတို့၏ ပညာ သင်ကြားရေး ပိုင်းဆိုင်ရာ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ကူညီ ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နမ့်စမ်ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးကလည်း မိမိတို့ရွာ ပညာရေးတိုးတက်ရန် ယခုလို လှူဒါန်းမှုများအတွက် ကျေးဇူးအထူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်သံရုံ၏ အလှူငွေဖြင့် China Foundation for Poverty Alleviation Myanmar Office မှ တာဝန်ယူ ဆောင်ရွက်သည့် သိန်း သုံးရာခန့် တန်ဖိုးရှိသော ပညာရေး ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများ ဖြစ်သည့် ကွန်ပျူတာအစုံ- ၁၀ လုံး၊ ပရိုဂျက်တာ- ၁ လုံး၊ ပရင်တာ- ၁ လုံး၊ တစ်နာရီ လီတာ- ၁၂၀၀ ကျရေသန့်စက်- ၁ လုံး၊ အပ်ချုပ်စက်- ၅ လုံး၊ စောင် အထည်- ၃၀၀ နှင့် စာသင်ခုံ အလုံး- ၂၀ စုံ တို့အား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရှမ်းမြောက် ဒုပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော် နှင့် ဇနီး ၊ China Foundation for Poverty Alleviation Myanmar Office မှ Deputy Country Director Ms. Lin Yuan အပါအဝင် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ ကျောင်းသားကျောင်းသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ စုစုပေါင်း လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.