Connect with us

Social

သိုက်မြိုက်ဝေဆာ တရုတ် နှစ်သစ် မင်္ဂလာ တရုတ် နှစ်သစ်ကူးပွဲတော်တွင် “တရုတ် အမျိုးသား ချစ်ခင်မေတ္တာ” အနုပညာ အဖွဲ့ မှ အနုပညာရှင်များ ဖျော်ဖြေ တင်ဆက်


ရန်ကုန် ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သည့် သိုက်မြိုက်ဝေဆာ တရုတ် နှစ်သစ် မင်္ဂလာ တရုတ် နှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီ ၂၈ ရက် ညပိုင်း တွင် မြန်မာနိုင်ငံ တရုတ် ကုန်သည်များအသင်း ဖျော်ဖြေရေး မဏ္ဍပ်၌ ဆက်လက် ကျင်းပရာ တရုတ်နိုင်ငံ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအသင်း၏ “တရုတ် အမျိုးသား ချစ်ခင်မေတ္တာ” အနုပညာ အဖွဲ့ မှ အနုပညာရှင်များ ပါဝင်တင်ဆက် ဖျော်ဖြေကပြခဲ့သည်။

ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအသင်း၏ “တရုတ် အမျိုးသား ချစ်ခင်မေတ္တာ” အနုပညာ အဖွဲ့ တင်ဆက်မှုတွင် ယူနန်ပြည်နယ် ဆပ်ကပ်အဖွဲ့ နှင့် ရှီစွမ်းပမ်န (Xishuangbanna) ဒေသသီချင်း နှင့် အကအဖွဲ့များ ၊ မျက်လှည့်များကိုပါ ထည့်သွင်း ဖျော်ဖြေခဲ့ရာ ပရိတ်သတ်များ၏ အားပေး နှစ်ခြိုက်မှုများ ရရှိခဲ့သည်။

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်း ဖျော်ဖြေရေး မဏ္ဍပ်တွင် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ ဖျော်ဖြေနေမှုများအားတွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်း ဖျော်ဖြေရေး မဏ္ဍပ်တွင် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ ဖျော်ဖြေနေမှုများအားတွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေက နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး မစ္စတာ ချန်းချန်က နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးက နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်း ဖျော်ဖြေရေး မဏ္ဍပ်၌ ပြုလုပ်သော တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် တရုတ်-မြန်မာ အနုပညာရှင်များနှင့် တာဝန်ရှိသူများ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

အဆိုပါ ဖျော်ဖြေတင်ဆက်မှုတွင် တရုတ်နိုင်ငံမှ အနုပညာရှင် အသင်း အဖွဲ့များသာမက မြန်မာ အနုပညာရှင်များကလည်း ရိုးရာ အကအလှများ ၊ တေးသီချင်းများဖြင့်လည်း ပါဝင်တင်ဆက်ခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး မစ္စတာ ချန်းချန် နှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တို့က တက်ရောက်ပြီး နှစ်သစ် မင်္ဂလာ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအသင်း၏ “တရုတ် အမျိုးသား ချစ်ခင်မေတ္တာ” အနုပညာ အဖွဲ့ သည် ၂၀၀၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များဖြင့် တရုတ် ရိုးရာယဉ်ကျေးမှု မြှင့်တင်ရေး ၊ ပင်လယ်ရပ်ခြားရှိ တရုတ်လူမျိုးများနှင့်ပြည်သူလူထုတို့ကို ဖျော်ဖြေရေး ၊ တရုတ် နိုင်ငံနှင့် အခြားနိုင်ငံ တို့အကြား ချစ်ကြည်ရေး တိုးမြှင့်စေရန် တို့ကို ရည်ရွယ်၍ ဖွဲစည်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ယခုအချိန်တွင် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအသင်း၏ တရုတ် အမျိုးသား ချစ်ခင်မေတ္တာ အနုပညာ အဖွဲ့ သည် တရုတ်နိုင်ငံ တစ်ဝှမ်းလုံး၌ အနုပညာအဖွဲ့ပေါင်း ၁၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီး နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်တွင် သွားရောက် ဖျော်ဖြေ ခဲ့ကြောင်း ၊ယခု အကြိမ် လာရောက်ဖျော်ဖြေသည့် အဖွဲ့သည် ရှီစွမ်းပမ်န(Xishuangbanna) နယ် ကို ကိုယ်စားပြုသည့် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအသင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့သို့ လာရောက် ဖျော်ဖြေသည့် “တရုတ် အမျိုးသား ချစ်ခင်မေတ္တာ” အနုပညာ အဖွဲ့၏ ဖျော်ဖြေမှုအတွက် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအသင်း မှ ကမကထပြုလုပ်ပြီး ယူနန်ပြည်နယ် ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအသင်း ၊ Yunnan International Non-Government Organization Society (YINGS) နှင့် Yangon Noble Language Center(NOBLE) တို့မှ ပူးတွဲ ဦးစီးလုပ်ဆောင် ခဲ့ကြောင်း သိရသည်။

“တရုတ် အမျိုးသား ချစ်ခင်မေတ္တာ” အနုပညာ အဖွဲ့ သည် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း ၏ မဏ္ဍပ်တွင် ဖျော်ဖြေကပြသွားမည့် အပြင် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ ပရဟိတ အသင်း ၊ ယူနန် အသင်း ၊ ဖူကျန့် အသင်း နှင့် ကွမ်တုံ အသင်း တို့၏ မဏ္ဍပ်များတွင်လည်း ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)