Connect with us

Social

တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း က မြန်မာ နိုင်ငံတွင် အရေးပေါ်ကူညီကယ်ဆယ်ရေး သင်တန်း လာရောက်ပို့ချ

သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) နှင့် တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အသင်း တို့မှ ပူးပေါင်း ဖွင့်လှစ်သည့် သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း ဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား အနောက်ဘက်မုခ် တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲ အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် နှင့် အစိုးရ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် အသင်း အဖွဲ့ဝင်များ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က ရှင်းလင်း တင်ပြ နေစဉ်(ဆင်ဟွာ)

Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြခေါင်းဆောင် ကျန်းယွီဖူ က သင်တန်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား နေစဉ်(ဆင်ဟွာ)

Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြ ဝမ်ရိ က သင်တန်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ကိုယ်စား ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သည် တောတောင်ရေမြေခြင်း ထိစပ်နေပြီး ဆွေမျိုးပေါက်ဖော် အိမ်နီးချင်း မိတ်ဆွေ နိုင်ငံများ ဖြစ်ကြကြောင်း ၊ လက်ရှိချိန်တွင် နိုင်ငံတကာ မှ မြန်မာ နိုင်ငံအား ဖိအားပေးဆောင်ရွက်မှုများ ပြုလုပ်နေချိန်တွင် တရုတ် နိုင်ငံ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အိမ်နီးချင်းကောင်း ပီတစွာ မြန်မာ နိုင်ငံအား ဗီတို အာဏာဖြင့် ကာကွယ်စောင့်ရှောက် ပေးခဲ့သည့် အတွက် တရုတ် နိုင်ငံ ကို အထူးကျေးဇူးတင်ရှိကြောင်း ၊ ယခု ဖွင့်လှစ်သည့် သဘောဝဘေးအန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း သည် မြန်မာ နိုင်ငံ အတွက် လွန်စွာ လိုအပ်နေသည့် သင်တန်း တစ်ခု ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ သည် သဘာဝဘေး အန္တရာယ် ဖြစ်ပွား နိုင်ခြေများပြား သည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည် ဖြစ်ကာ ကယ်ဆယ်ရေး သင်တန်းများကိုလည်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ သင်တန်းသား များအနေဖြင့် သင်တန်းတွင် ကြိုးပမ်း သင်ယူကြရန် မှာကြားလိုပြီး သင်တန်း ဖြစ်မြောက်ရေး အတွက် ထောက်ပံ့ကူညီခဲ့သည့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ အားလုံး ကို ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က သင်တန်း ဖွင့်လှစ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ရာတွင် မြန်မာ နိုင်ငံ သည် စစ်ကိုင်းပြတ်ရွေ့ကြော အပေါ်တည်ရှိနေပြီး အချိန်မရွေး ငလျင် လှုပ်ခတ် လာနိုင်သဖြင့် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်းများ သည် လွန်စွာ လိုအပ်ကြောင်း ၊ တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် မြန်မာ နိုင်ငံ ရေဘေးဖြစ်ပွားချိန်များတွင် လာရောက်၍ ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ပေးလေ့ရှိသည့် အသင်းတစ်သင်းဖြစ်ကြောင်း ၊ ယခုအကြိမ်တွင်လည်း နောင်တစ်ချိန် မြန်မာ နိုင်ငံ၌ သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက မည်သို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သင်တန်း လာရောက် ပို့ချခြင်း ဖြစ်ပြီး ထူးချွန်သူများ ကို တရုတ် နိုင်ငံ တွင် ဆက်လက်၍ သင်တန်း ပို့ချပေးမည် ဖြစ်ကြောင်း ၊ ယင်းထူးချွန်သူများ မှလည်း မြန်မာ နိုင်ငံ တိုင်းနှင့်ပြည်နယ် သို့ ပို့ဆောင်ကာ သင်တန်းများ ဖြန့်ဝေပို့ချပေးမည် ဖြစ်ကြောင်း ၊ သင်တန်းလာရောက်ပို့ချပေးသည့် တရုတ် နိုင်ငံ Blue Sky ကယ်ဆယ်ရေး အဖွဲ့ မှ အဖွဲ့ဝင်များ နှင့် တရုတ် နိုင်ငံ သံရုံး မှ သက်ဆိုင်ရာ တာဝန်ရှိသူ ပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြခေါင်းဆောင် ကျန်းယွီဖူ (Zhang Yupu) က မြန်မာ နိုင်ငံ သို့ ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက်ကူညီဆောင်ရွက်မှုများ မှ တစ်ဆင့် မြန်မာ နိုင်ငံ ရှိ ကယ်ဆယ်ရေး အသင်းအဖွဲ့များ နှင့် တွေ့ဆုံဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ တွေ့ဆုံဆွေးနွေးမှုများအရ အပြန်အလှန် လေ့လာသင်ယူမှု အများအပြားရှိကြောင်း ကို သိရှိခဲ့ရသည့် အတွက် သင်တန်းလာရောက်ပို့ချခြင်း ဖြစ်ကြောင်း ၊ Blue Sky ကယ်ဆယ်ရေး အဖွဲ့၏ အတွေ့အကြုံ များအား မြန်မာ နိုင်ငံ ပြည်သူလူထု များကို မျှဝေခြင်းအားဖြင့် မြန်မာ နိုင်ငံ ၏ ကယ်ဆယ်ရေး လုပ်ငန်း တိုးတက်ရန် အတွက် ဆောင်ရွက်ပေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် Blue Sky ကယ်ဆယ်ရေး အသင်း သင်တန်းနည်းပြ ဝမ်ရိ (Wang Yi) က သင်တန်း နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ ပေးခဲ့ပြီး ရွှေတိဂုံ စေတီတော်မြတ်ကြီး အတွက် အလှူငွေများ ပေးအပ် လှူဒါန်း ခဲ့သည်။

ယခု ဖွင့်လှစ်ခဲ့သည့် သဘာဝဘေး အန္တရာယ် အရေးပေါ် ကူညီကယ်ဆယ်ရေး သင်တန်း အား အချိန် ၃ ရက်ကြာ သင်တန်း ပို့ချပေးမည် ဖြစ်ပြီး ရန်ကုန်မြို့ ဒေသ အသီးသီး မှ သင်တန်းသား စုစုပေါင်း ၆၁ ဦး ကို သင်တန်း ပို့ချပေးမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.