Connect with us

Social

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်

ရန်ကုန် ၊ မေ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသော Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၀ သန်း၊ ကာကွယ်ဆေးထိုးအပ် ၁၃ သန်းနှင့် ရွေ့လျားဓာတ်ခွဲခန်းယာဉ် (Mobile Laboratory Vehicle) နှစ်စီးတို့ ပါဝင်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများလွှဲပြောင်းပေးအပ်သည့်အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ယခုအကြိမ်လှူဒါန်းမှုသည် တရုတ်နိုင်ငံက မြန်မာပြည်သူတစ်ရပ်လုံးအတွက် မြန်မာနိုင်ငံကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအား ဆက်တိုက်အကူအညီပေးအပ်သည့် နောက်ထပ်အရေးကြီးလုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထပ်မံပြသခြင်းလည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မေ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်မှစပြီး တရုတ်-မြန်မာ နှစ်နိုင်ငံသည် အပြန်အလှန် ဖေးမကူညီပြီး ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့ကြကြောင်း ၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်းဒေသအပါအဝင် မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ ကာကွယ်ဆေး ၊ အောက်ဆီဂျင်အရည် စသည့်ပစ္စည်းအကူအညီအများအပြားပေးအပ်သည့်အပြင် သမ္မတ Mr. Xi Jinping ၏ “တရုတ်-အာဆီယံ ကျန်းမာရေးအကာအကွယ်ဒိုင်း” ပူးပေါင်းဆောင်ရွက်ရေးအဆိုပြုချက်ကို ထပ်ဆင့်အကောင်အထည်ဖော်ဆောင်ကာ မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်၍ Vaccine ပုလင်းသွင်းဖြည့်တင်းထုတ်လုပ်နိုင်ရန် အကူအညီပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ Vaccine ထိုးနှံမှုနှုန်းကို မြှင့်တင်နိုင်ရန် ကူညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံပြည်တွင်း၌ကပ်ရောဂါအခြေအနေကို ထိရောက်စွာထိန်းချုပ်နိုင်ပြီး ပြည်သူလူထုထုတ်လုပ်မှုနှင့် လူနေမှုဘဝတဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခြင်းကို မိမိတို့ဝမ်းမြောက်ဖွယ်တွေ့မြင်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မေ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

သံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်နိုင်ငံအထောက်အပံ့ဖြင့် တည်ဆောက်သည့် မြန်မာနိုင်ငံ ကူးစက်ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများလေ့ကျင့်ရေးဌာန စီမံကိန်း တည်ဆောက်ရေးကို ဆက်တိုက်တွန်းအားပေးဖော်ဆောင်နေကြောင်း၊ နှစ်ဦးနှစ်ဖက်အကြား တရုတ်နိုင်ငံအထောက်အပံ့ဖြင့် တည်ဆောက်သည့် တိရစ္ဆာန်ရောဂါဓာတ်ခွဲခန်းစီမံကိန်း Exchange Letter တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်-မြန်မာနယ်စပ် ငှက်ဖျားရောဂါကင်းစင်ရေးစီမံကိန်းကိုလည်းဖော်ဆောင်ရန် စီစဉ်ထားကြောင်း၊ အဆိုပါအစီအမံများကမြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးစနစ် တည်ဆောက်ရေးနှင့် အရေးကြီးပြည်သူ့ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား တုံ့ပြန်နိုင်စွမ်းအားကောင်းလာစေရန် အကူအညီပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မေ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံက “Zero-COVID” အထွေထွေမူဝါဒကိုလက်ကိုင်စွဲခြင်းသည် တရုတ်ပြည်သူများအပေါ် တာဝန်ယူခြင်းဖြစ်ပြီး ကမ္ဘာကြီးအတွက် တာဝန်ထမ်းရွက်ခြင်းလည်းဖြစ်ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ် ကပ်ရောဂါပူးတွဲကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ဆက်လက် ကောင်းမွန်စွာဆောင်ရွက်ပြီး နယ်စပ်ကုန်သွယ်ရေးပိုမိုအဆင်ပြေချောမွေ့စေရန် ဆောင်ရွက်ကာ နှစ်နိုင်ငံစီးပွားရေးနှင့် ပြည်သူလူထုဘဝတည်ငြိမ်ရေးတို့အတွက် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မေ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မေ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို မေ ၂၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကာကွယ်ဆေး ၊ ဆေးဝါး ၊ ဆေးထိုးအပ်၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ် (Mobile Laboratory Vehicle) ၊ ရွေ့လျားဓာတ်ခွဲခန်း၊ လူနာတင်ယာဉ်စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းနှင့် စက်ပစ္စည်းအများအပြား လှူဒါန်းပေးအပ်ခြင်းအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအကြိမ် တရုတ်နိုင်ငံမှလှူဒါန်းသည့် Vaccine များအား မြန်မာနိုင်ငံ လူငယ်နှင့်ကလေးသူငယ်များအတွက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ရွေ့လျားဓာတ်ခွဲခန်းယာဉ် (Mobile Laboratory Vehicle) နှစ်စီးအား နယ်စပ်ဂိတ်များတွင် ဦးစားပေးထားရှိအသုံးပြုမည်ဖြစ်သည့်အတွက် ကုန်စည်စီးဆင်းမှုများမြန်ဆန်ချောမွေ့၍ နယ်စပ်ကုန်သွယ်ရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အသုံးဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် မြန်မာနိုင်ငံ ကူးစက်ရောဂါ ထိန်းချုပ်မှု ဗဟိုဌာန Myanmar Center of Disease Control (CDC) တည်ဆောက်ပြီးစီးပါက ဒေသတွင်းသာမက အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု စင်တာတစ်ခုဖြစ်လာပြီး မြန်မာနိုင်ငံကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုသည် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုအား အထောက်အကူပြု၍ နှစ်နိုင်ငံကျန်းမာရေးနှင့် လူမှုစီးပွားညီမျှစွာဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် နှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည် လွှဲပြောင်းပေးအပ်သည့်သက်သေခံလက်မှတ်ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ပြီး မြန်မာနိုင်ငံသို့လှူဒါန်းသည့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်အား အတူတကွလေ့လာခဲ့ကြကြောင်း သိရသည်။

ယနေ့အထိ တရုတ်နိုင်ငံမှမြန်မာနိုင်ငံသို့ထောက်ပံ့ပေးသည့် ကာကွယ်ဆေးပမာဏမှာ စုစုပေါင်း ၅၁.၁၉ သန်းရှိပြီး မြန်မာနိုင်ငံမှလက်ခံရရှိထားသော ကာကွယ်ဆေးစုစုပေါင်း၏ ၆၇.၄ ရာခိုင်နှုန်းရှိကြောင်း ၊ ၎င်းတို့အနက် ကာကွယ်ဆေး ၂၁.၁ သန်းသည် အခမဲ့လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ လက်ခံရရှိထားသော လှူဒါန်းပေးအပ်သည့် ကာကွယ်ဆေး၏ ၇၀ ရာခိုင်နှုန်း ရှိကြောင်း ၊ ကာကွယ်ဆေး ၃၀.၀၉ သန်းကမူ သက်သာသောစျေးနှုန်းဖြင့် မြန်မာနိုင်ငံကိုထောက်ပံ့ထားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။ (Xinhua)