Connect with us

Social

မဲခေါင်မြစ် ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး ဖြစ်နိုင်ခြေလေ့လာမှုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ မဲခေါင်မြစ် ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး ဖြစ်နိုင်ခြေလေ့လာမှု” (The Feasibility Study on Myanmar Wan Pong Port Improvement Project) ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယနေ့ ဇွန် ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ဖြစ်နိုင်ခြေလေ့လာမှုတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများအား အကဲဖြတ်ခြင်း၊ ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်ခြင်း၊ ဒီဇိုင်းပုံဆွဲခြင်းနှင့် လုပ်ငန်းလည်ပတ်မှုလေ့ကျင့်ရေးအစီအစဉ် စသည်တို့ ပါဝင်ပြီး ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အရေးကြီးသော အခြေခံအချက်များ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ဝမ်ပုံဆိပ်ကမ်း တိုးချဲ့တည်ဆောက်ရေးစီမံကိန်း ပြီးစီးပါက ဆိပ်ကမ်းကွန်တိန်နာ စသည့်အသုံးအဆောင်များကို ခေတ်မီတိုးတက်လာစေပြီး မဲခေါင်မြစ် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း အသုံးချမှုနှုန်းကို မြင့်မားလာစေကာ မြန်မာနိုင်ငံနှင့် အခြားလန်ချန်း-မဲခေါင်နိုင်ငံများအကြား ကုန်စည်ပို့ဆောင်ကူးသန်းရောင်းဝယ်မှုကို မြှင့်တင်ပေးပြီး မြန်မာနိုင်ငံနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)

#တရုတ်သံရုံး #ဆင်ဟွာ
#ChineseEmbassy #Xinhua #Myanmar #XinhuaMyanmar

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.